အငယ်ဆုံးကလေး (၂) နှစ်အရွယ် အပါအဝင် ကလေး၊ လူကြီး စုစု​ပေါင်း (၃၄) ဦးထက်မနည်း သေဆုံးခဲ့တဲ့ “ထိုင်း” မူကြိုကျောင်း ပစ်ခတ်မှု….

အငယ်ဆုံးကလေး (၂) နှစ်အရွယ် အပါအဝင် ကလေး၊ လူကြီး စုစု​ပေါင်း (၃၄) ဦးထက်မနည်း သေဆုံးခဲ့တဲ့ “ထိုင်း” မူကြိုကျောင်း ပစ်ခတ်မှု….

ဒီကနေ့ အောက်တိုဘာ (၆) ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nong Bya Lamphu ပြည်နယ်မှာ ရှိတဲ့ နေ့ကလေးထိန်း မူကြိုကျောင်း၌ ပတ်ခတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၃၂) ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း

သိရသည်။ သေဆုံးသူများတွင် ကလေးများနှင့် လူကြီးများ ပါဝင်ကြောင်း၊ သေနတ်သမားမှာ ရဲအရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ၎င်းအား လိုက်လံရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Panya Kamrab ဟု အမည်ရသော အသက် (၃၄) နှစ်အရွယ် သေနတ်သမားတစ်ဦးသည် ကြာသပတေးနေ့ (ယနေ့) နေ့လည် (၁၂) နာရီခွဲဝန်းကျင်တွင် အဆိုပါ နေ့ ကလေးထိန်းဂေဟာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု


သတွင်း ရုပ်မြင်သံကြား PPTV က ရဲများ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသည်။ မစ္စတာ Panya သည် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးခံရပြီးနောက် ရဲတပ်ကြပ်ရာထူးမှ အလုပ်ထုတ်ခံရသူ ဖြစ်သည်ဟု

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖော်ပြထားသည်။ အဆိုပါ ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် မွန်းလွဲပိုင်း ဂေဟာ၌ ကလေးငယ်များ အိပ်ပျော်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဂေဟာရှိ ကလေးများသည် မူကြိုအရွယ်များဖြစ်ကြောင်း

ရွာသူကြီး Chanpen Dechpok က ဒီဂါးဒီးယန်း သတင်းဌာန သို့ ပြောကြားခဲ့သည်။ သေဆုံးသူတွေထဲမှာ အသက် အငယ်ဆုံးဆိုရင် (၂) နှစ်အရွယ်ကလေးလည်းပါဝင်ပြီး သေဆုံးသူ အများစုဟာလည်း ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ထို့နောက် သေနတ်သမားသည် သူ့ဇနီးနှင့် ကလေးကိုပါ ပစ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။ သေနတ်သမားဟာ သေကြောင်းကြံသွားပြီဆိုတဲ့ မီဒီယာတွေရဲ့သတင်းဖော်ပြချက်တွေကို

ပါတယ်။ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အစိုးရဌာနများအား ဒဏ်ရာရသူများကို ကူညီရန် အမိန့်ပေးထားကြောင်း ဝန်ကြီးချုပ်ရုံး၏ ခေတ္တ ပြောရေးဆိုခွင့်ရှိသူ Anucha Burachaisri ကဆိုသည်။

ထိုင်းနိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှုန်းသည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားသည်။ ထိုင်းနိုင်ငံ၌ ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ရှားပါးသော်လည်း (၂၀၂၀) ပြည့်နှစ်တွင်

စစ်သားတစ်ဦးသည် အိမ်ခြံ‌မြေ သဘောတူစာချုပ်ကြောင့် ဒေါသထွက်၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၂၉) ဦး သေဆုံးပြီး (၅၇) ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *