NEWS ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ

NEWS ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ

သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။

မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။

ညီမလေးရေ….

ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါမုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေ

Leave a Reply

Your email address will not be published. Required fields are marked *