ရုပ်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာတွေကြောင့် အမြဲသိမ်ငယ်နေရတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် ပက်ထရစ်ရှာ
ရုပ်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတာတွေကြောင့် အမြဲသိမ်ငယ်နေရတဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တဲ့ မော်ဒယ်လ်သရုပ်ဆောင် ပက်ထရစ်ရှာ
ပရိတ်သတ်ကြီးရေ နိုင်ငံခြားသူလေးတစ်ယောက်လို စွဲဆောင်မှုအပြည့်နဲ့ အရမ်းလှတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာက ဆယ်ကျော်သက်အရွယ်ကတည်းက မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်မှု ရရှိ
သူမရဲ့ ဘိုဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြင်အဆင်တွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အာရုံစိုက်မှုခံနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေက အရမ်းလှတယ်လို့ သက်မှတ်ခံထားရတဲ့ ပတ်ထရစ်ရှာဟာ သူမကိုယ်သူမတော့ ရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲသိမ်ငယ်ရတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။
ပတ်ထရစ်ရှာက “တစ်ခါမှတော့ဖွင့်မပြောခဲ့ဖူးဘူး။ ရှာရှာဆို မျက်နှာ symmetry မညီလို့ ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အမြဲသိမ်ငယ်ရတယ်။ လူတွေကိုမျက်နှာချင်းဆိုင်မကြည့်ရဲတာမျိုး ဘယ်သူ့ကိုမှမကြည့်ပဲ မျက်လွှာချထားတာမျိုး မျက်နှာလွှဲလိုက်တာမျိုးတွေကြောင့်လူအများရဲ့ မာနကြီးတယ်လို့ထင်မှတ်ခြင်းကို တောက်လျှောက်ခံလာရတာ။
ဒီကိစ္စက ရှာရှာ့အတွက် sensitive အဖြစ်ဆုံးဆိုတာကို သိနေကြလေတော့ ရှာရှာ့ကိုချိုးချင်ဖဲ့ချင် မုန်းတီးအမြင်ကပ်နေတဲ့လူတွေက ဒီ weakness ကို လက်ကိုင်ထားပြီး ရှာရှာ့ကိုစိတ်အနှောက်အယှက်အမျိုးစုံပေးကြတာတွေပါကိုယ်တိုင်ခံစားခဲ့ရတာ။လောကမှာအလုံးစုံပြည့်စုံတဲ့လူဆိုတာမရှိပါဘူး။သူများကို bully လုပ်တဲ့လူတွေကိုယ်တိုင်မှာလည်း သိမ်ငယ်ရတဲ့ flaws တွေကိုယ်စီရှိနေကြပါလျှက်နဲ့
ဘာလို့များသူတစ်ပါးကို ဒီလိုလုပ်ရပ်တွေကိုလုပ်ကြတာလဲမသိဘူး” ဆိုပြီး ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ ပတ်ထရစ်ရှာကတော့ မျက်နှမညီတာကြောင့် လူတွေကိုမျက်နှာချင်းဆိုင်မကြည့်ရတာမျိုး ဘယ်သူ့ကိုမှမကြည့်ရဲတာမျိုးတွေထိပါဖြစ်ဖူးပြီး ကိုယ့်ရုပ်ရည်ကိုကိုယ် အမြဲသိမ်ငယ်ရဖူးတယ်လို့ ရင်ဖွင့်လာခဲ့တာပဲ