အသက် (၁၁) နှစ်အရွယ်မိန်းကလေးငယ်ကို (၃၇) နှစ်အရွယ်အမျိုးသားက………see more
ထန်းတပင်မြို့မရဲစခန်း(ပ)၁၂/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်ကာအမှုစစ်စခန်းမှုးကပြစ်မှုကျူးလွန်သူ ရဲကိုဝင်းအား ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။
Zawgyi
ထန်းတပင်မြို့နယ်တွင် အသက် (၁၁) နှစ်အရွယ်မိန်းကလေးငယ်ကို အိမ်ထောင်ရှိသူ(၃၇) နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဇန်နဝါရီ ၂၃ ရက်နေ့ တွင် ထန်းတပင်မြို့နယ်နေ အမျိုးသမီးသည် နေအိမ်တွင်ရှိနေစဉ် အသက် (၁၁) နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးနေသဖြင့်လိုက်လံရှာဖွေရာ ကုလားကုန်းကျေးရွာကျေးရွာ၏ အနောက်ဘက်တွင်ငိုလျှက်ပြန်တွေ့ရသဖြင့်မေးမြန်းရာ တစ်ရွာတည်းနေအိမ်ထောင်ရှိသူ ရဲကိုဝင်း (၃၇) နှစ်မှ မုန့်ဝယ်မယ် လိုက်ခဲ့အုံးဟု ဆိုင်ကယ်ဖြင့်ခေါ်သဖြင့် လိုက်သွားစဉ် ရွာအနောက်ဘက်အရောက် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သမီးငယ်၏ ပြောပြသိရှိရ၍ အရေးယူပေးရန်တိုင်ကြားခဲ့သည်။