ကလေးမွေးဖွားစရိတ်လိုနေသူက အသက် ၇၅ နှစ်အရွယ် အဖွားအိုကို ရိုက်နှက်ကာ…See more
ပုသိမ်နယ်မြေရဲစခန်း(ပ)၁၂/၂၀၂၁.ရာဇသတ်ကြီးဥပဒေ ပုဒ်မ၄၅၂/၃၂၅ အရ အမှုဖွင်ကာ စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းကစုံစမ်းခဲ့သည်။စုံစမ်းချက်အရ အခင်းဖြစ်နေအိမ်တွင် ဒဏ်ရာရှိသူအပါဝင် သားမိနှစ်ဦး နေထိုင်ပြီးလူဝင်လူထွက်မရှိကြောင်း လွန်ခဲ့သော ၅ ရက်ခန့်က နေအိမ်ပြုပြင်ရန်အတွက်ပန်းရံလက်သမားများလာရောက်လုပ်ကိုင်ခြင်းရှိကြောင်းသိရသဖြင့် ပန်းရံလက်သမားများတို့ကိုအမှုဖြင့်ခေါ်ယူစစ်ဆေးခဲ့သည်။
ထိုသို့ခေါ်ယူစစ်ဆေးရာတွင်ပန်းရံလက်သမားများထဲမှ ရဲဇော်(ခ) ဇင်ဖြိုးအောင်မှာ ပျောက်ဆုံးနေ၍စုံစမ်းရာ၎င်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က၎င်းရဲ့ဇနီးကလေးမွေးရန်ပုသိမ်ဆေးရုံကြီးသို့ရောက်နေကြောင်း ငွေကြေး လိုအပ်၍လိုက်လံ ရှာဖွေနေကြောင်းသိရသည်။
ဇနီးဖြစ်သူ၏ပြောပြချက်အရ အောင်ရဲဇော်(ခ)ဇင်ဖြိုးအောင်ကို ဇန်နဝါရီ ၁၇ ညနေ ၃ နာရီအချိန်တွင် ဆေးရုံရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ အမှုကိုတစ်ဦးတည်းကျူးလွန်ခဲ့ကြောင်း၊ ဇနီးဖြစ်သူ ကလေးမွေးဖွားစရိတ်လိုနေ၍ အခင်းဖြစ်နေအိမ်သို့ ခိုးဝှက်ရန်အလို့ငှာ နေအိမ်နောက်ဖေး လူဝင်ခြေကျော် တံခါးကိုအိမ်အပြင်က လက်နိုက်ပြီး တံခါးမင်းတုန်အားဖွင့်ဝင်ရောက်ချိန် ရေချိုးခန်းထဲမှထွက်လာသောအိမ်ရှင်အမျိုးသမီးကြီးနှင့်ထိပ်တိုက်တိုးမိပြီးအော်ဟစ်အကူညီတောင်းဟန်ပြုစဉ်အနီးရှိပုဆိန်ရိုးသစ်သားဒုတ်ဖြင့်ဦးခေါင်းကို၂ ချက် ၃ ချက်ခန့်ရိုက်လိုက်ရာလဲကျသွားခဲ့ကြောင်း၊
လဲကျချိန် လည်ပင်းတွင်ဆွဲထားသည့်ရွှေဆွဲကြိုးအားဖြုတ်ယူထွက်ပြေးလာခဲ့ပြီး ဇန်နဝါရီ ၁၆ရက်နေ့တွင် ဆွဲကြိုးကို အမှတ်(၄)ရပ်ကွက်ရွှေပြည်သာဈေးအနီးရှိဆိုင်တစ်ဆိုင်တွင် ကျပ် ၉၅၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း၊၎င်းငွေများဖြင့် လက်ကိုင်ဖုန်းနှစ်လုံးဝယ်ယူခဲ့ကြောင်း၊ဆေးရုံတွင်အမျိုးသမီးမီးဖွာနေသောကြောင့်လိုအပ်သည့်အသုံးစရိတ်များသုံးစွဲခဲ့ကာ လက်ထဲတွင် (၂)သိန်းကျော်ခန့် ကျန်သေးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကလိုက်နေပြီးဖုန်းဆက်နေကြောင်းသိရ၍ဖုန်းကို စက်ပိတ်ထားပြီးကျန်ငွေများနှင့်အတူအမှတ် (၂)ရပ်ကွက်GECလမ်းဘေးရေမြောင်းဖုံးအောက်မှာဝှက်ထားခဲ့ကြောင်းထွက်ဆိုခဲ့သည်။
၎င်းရောင်းချခဲ့သည့် အမှုမှရွှေဆွဲကြိုးကို ရဲတပ်ဖွဲ့က သိမ်းဆည်းစဉ်အရည်ကျိုပြီးဖြစ်နေ၍ရွှေချောင်း အလေးချိန် တူ ရွှေချောင်းကို အမှုဖြင့်သိမ်းဆည်းခဲ့သည်။ ၎င်းကို မူလဖွင့်လှစ်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ၄၅၂/၃၂၅ မှ ရာဇသတ်ကြီးပုဒ်မ ၃၉၄ သို့ ပြောင်လဲအရေးယူထားကြောင်းသိရသည်။