မိခင်ဖြစ်သူနေအိမ်မှ ဆင်းသွားသဖြင့် သမီးဖြစ်သူမှ လိုက်လံရှာဖွေရာ တွေ့ရှိခဲ့ပေမယ့် အဖြစ်ဆိုးနဲ့ကြုံခဲ့ရ

မိခင်ဖြစ်သူနေအိမ်မှ ဆင်းသွားသဖြင့် သမီးဖြစ်သူမှ လိုက်လံရှာဖွေရာ တွေ့ရှိခဲ့ပေမယ့် အဖြစ်ဆိုးနဲ့ကြုံခဲ့ရ

တစ်ရွာတည်းနေ ဦးအောင်ချစ်(ဘ)ဦးကြည် ၊ ဆိုင်ကယ်ကယ်ရီမောင်းသမားဦးဝင်းနိုင်တို့နှင့်အတူ မိခင်ဖြစ်သူအား ဆိုင်ကယ်ဖြင့် လိုက်လံရှာဖွေစဉ် ညဦးပိုင်း (၆)နာရီကျော် အချိန်ခန့်၌ နောင်ပတ္တရာကျေးရွာ ဇောင်းတူ တူးမြောင်းလူသွားလမ်းပေါ်တွင် တွေ့ရှိသဖြင့်

ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း မိခင်ဖြစ်သူမှ နေအိမ်သို့ပြန်မလိုက်သဖြင့် ဆိုင်ကယ်ကယ်ရီသမားဦးဝင်းနိုင်အား ပြန်လွှတ်လိုက်ပြီး မ……..မှာ အဖော်အဖြစ်လိုက်ပေးသူ ဦးအောင်ချစ်နှင့် အတူနေအိမ်သို့ပြန်လာခဲ့ရာ ဦးအောင်ချစ်က မ……….အား ဇောင်းတူ ဆည်မြောင်းဘေးအနီးရှိ ကိုင်းတောထဲသို့

အတင်းဆွဲခေါ်ကာပါးစပ်ပိတ်၍ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများ အရသိရသည်။၎င်းဖြစ်စဉ်နှင့် ပက်သက်၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဧကရာဇ်ကျေးရွာနေဦးအောင်ချစ်(ဘ)ဦးကြည်၊

အသက် (၅၃)နှစ်အား အမှုဖွင့် အရေးယူပေးပါရန်မ…….က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဝေါမြို့မရဲစခန်းမှအမှုဖွင့် လှစ်ထားပြီး အမှုနှင့် ပတ်သက်သည့် ဦးအောင်ချစ်အား ဖမ်းဆီးရမိထားကြောင်း ဆက်လက်သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *