သစ်ထူးလွင်
Unicode
သားအဖချင်း စကားများကြရာမှ အဖေ အရင်းကို သားဖြစ်သူက သည်းမခံနိုင်သဖြင့်… See more
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ မြောက်မကျင်းကျေးရွာတွင် ယမန်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က သားအဖချင်း စကားများရန်ဖြစ်ရာမှ အဖေ အရင်းကို
သားဖြစ်သူက ဓားမနှင့် ခုတ်သတ်တဲ့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။အဆိုပါလူသတ်မှု သတင်းအရ ကျောက်ထုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
သွားရောက်စစ်ဆေးခဲ့ရာ မြောက်မကျင်းကျေးရွာနေ ဦးမောင်နီ(၅၅)နှစ်နှင့် သားဖြစ်သူ ဝေယံစိုး(၁၉)တို့ မိသားစုကိစ္စဖြင့် စကားများရန်ဖြစ်စဉ် သားဖြစ်သူ က
အရိုးအသွား(၂၂) လက်မခန့်ရှိ ဓားမဖြင့်ခုတ်ရာ ဦးမောင်နီ တွင် ဒဏ်ရာများရရှိသေဆုံးသွား ဖြစ်ကြောင်း သိရသည်။အဆိုပါ လူသတ်မှုအား အရေးယူပ
ဝေယံစိုး အား ကျောက်ထုနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *