အဘြားျဖစ္သူ၏ ေနာက္ေယာက်ာ္းက ေျမးျဖစ္သူနွင့္အတူ ငါးရွာသြားစဥ္ မိခင္မသိေအာင္…See more
ထိုသို႔ျဖစ္စဥ္ သက္ႏိုင္ဝင္းက မ—–ကို “နင့္သမီး ကို ငါ– ၿပီးၿပီ၊ ထမင္းဝေအာင္ စားထား၊ ထပ္–ဦးမယ္”ဟုဆိုကာ သမီးျဖစ္သူကို အဓမၼျပဳက်င့္ၿပီးေၾကာင္း ေျပာခဲ့သျဖင့္ အဘြားျဖစ္သူေဒၚ—-ႏွင့္ သမီးျဖစ္သူမ—-တို႔က အသက္ ၁၃ ႏွစ္အ႐ြယ္သမီးကို ေမးျမန္းခဲ့သည္။
ယင္းကဲ့သို႔ေမးျမန္းခဲ့ရာ လြန္ခဲ့ေသာ ၁၅ ရက္ခန္႔က သက္ႏိုင္ဝင္းႏွင့္ ၁၃ ႏွစ္သမီးတို႔ ႏွစ္ဦးမွာ ေက်ာက္ႀကီး ၿမိဳ႕နယ္၊ ကြၽန္းပင္ဆိပ္ေက်း႐ြာသို႔ ငါးရွာသြားခဲ့ေၾကာင္း၊
သက္ႏိုင္ဝင္းက အနီးရွိ ဇရပ္ေပၚသို႔ ေခၚသြားၿပီး တစ္ႀကိမ္အဓမၼျပဳက်င့္ခဲ့ေၾကာင္း၊ ထိုအခ်ိန္မွစ၍ မၾကာခဏ အဓမၼျပဳက်င့္ခဲ့ေၾကာင္းႏွင့္ညပိုင္းတြင္လည္း ေနာက္ဆုံးအႀကိမ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရွိခဲ့ရသည္။
အ႐ြယ္မေရာက္ေသးသည့္ ကေလးငယ္ကို အဓမၼျပဳက်င့္ခဲ့သူ သက္ႏိုင္ဝင္းကို အေရးယူေပးရန္ သက္ဆိုင္ရာသို႔ တိုင္ၾကားခဲ့သည္။ဇရပ္ႀကီးနယ္ေျမရဲစခန္းက(ပ) ၁၃၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္ကာ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္တြင္ သက္ႏိုင္ဝင္းကို ဖမ္းဆီးအေရးယူခဲ့သည္။
Unicode
အဘွားဖြစ်သူ၏ နောက်ယောကျာ်းက မြေးဖြစ်သူနှင့်အတူ ငါးရှာသွားစဉ် မိခင်မသိအောင်…See more
ထန်းတပင်မြို့နယ်တွင် အဘွားဖြစ်သူ၏ နောက်ယောကျာ်းက အသက် ၁၃ နှစ်အရွယ် မြေးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့မှုကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထား သည်။နံနက် ၉ နာရီခန့်တွင် ထန်းတပင်မြို့နယ် ရွာလေးကုန်းကျေးရွာနေ အဘွားဖြစ်သူဒေါ်—-နှင့်
၎င်း၏ဒုတိယခင်ပွန်းဖြစ်သူ သက်နိုင်ဝင်းတို့သည် အလှူခံ အဖွဲ့အား မုန့်ဟင်းခါးကြွေးသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့ကြသည်။ထို့နောက် နံနက် ၁၁နာရီခွဲခန့်တွင် အဘွားဒေါ်—–၏ ပထမအိမ်ထောင်နှင့်ရသော သမီးဖြစ်သူမ—–နှင့် သက်နိုင်ဝင်းတို့ ထပ်မံစကားများ ရန်ဖြစ်ကြစဉ် အပြန်အလှန်ဆဲဆိုခဲ့ကြသည်။
ထိုသို့ဖြစ်စဉ် သက်နိုင်ဝင်းက မ—–ကို “နင့်သမီး ကို ငါ– ပြီးပြီ၊ ထမင်းဝအောင် စားထား၊ ထပ်–ဦးမယ်”ဟုဆိုကာ သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီးကြောင်း ပြောခဲ့သဖြင့် အဘွားဖြစ်သူဒေါ်—-နှင့် သမီးဖြစ်သူမ—-တို့က အသက် ၁၃ နှစ်အရွယ်သမီးကို မေးမြန်းခဲ့သည်။
ယင်းကဲ့သို့မေးမြန်းခဲ့ရာ လွန်ခဲ့သော ၁၅ ရက်ခန့်က သက်နိုင်ဝင်းနှင့် ၁၃ နှစ်သမီးတို့ နှစ်ဦးမှာ ကျောက်ကြီး မြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာသို့ ငါးရှာသွားခဲ့ကြောင်း၊
သက်နိုင်ဝင်းက အနီးရှိ ဇရပ်ပေါ်သို့ ခေါ်သွားပြီး တစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ မကြာခဏ အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့်ညပိုင်းတွင်လည်း နောက်ဆုံးအကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့ရသည်။
အရွယ်မရောက်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ သက်နိုင်ဝင်းကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ဇရပ်ကြီးနယ်မြေရဲစခန်းက(ပ) ၁၃၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် သက်နိုင်ဝင်းကို ဖမ်းဆီးအရေးယူခဲ့သည်။