အေဖ အရင္းျဖစ္ေနၿပီး ကိုယ့္သမီး (၁၈)ႏွစ္အရြယ္ေလးကို လုပ္ရက္လိုက္တာ… More
ဖခင္ျဖစ္သူရိုက္ႏွက္မႈေၾကာင့္ သမီးျဖစ္သူမွာ ဝဲဘက္ပါးဖူးေရာင္ ဒဏ္ရာ၊ႏွာေခါင္းေသြးထြက္ဒဏ္ရာေတြနဲ႔အတူ ေသဆုံးသြားၿပီး ႐ုပ္အေလာင္းကို ေရၾကည္
ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။
သမီးျဖစ္သူကို ေသသည္အထိရိုက္ႏွက္ခဲ့တဲ့ ဦးစိုးလြင္ဦးကို ဖမ္းဆီးကာ အသုတ္နယ္ေျမရဲစခန္းမွ(ပ)၁၁/၂၀၂၂၊ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္အေရးယူထား
တယ္လို႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။
#voiceofmyanmar #VOM #ေရၾကည္ #ဖခင္ျဖစ္သူ #သမီးျဖစ္သူကိုရိုက္ႏွက္ဆုံးမရာ #လက္လြန္ၿပီးေသဆုံး
unicode
အဖေ အရင်းဖြစ်နေပြီး ကိုယ့်သမီး (၁၈)နှစ်အရွယ်လေးကို လုပ်ရက်လိုက်တာ…
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာ လက်လွန်ပြီးသေဆုံးသွား၊ ဖခင်ဖြစ်သူကိုဖမ်းဆီး
မေ ၂၀-၂၀၂၂
ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ သမီးဖြစ်သူကို ရိုက်နှက်ဆုံးမရာကနေ လက်လွန်ပြီးသေဆုံးသွားလို့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသုတ်မြို့၊ ထန်းကျွန်းဆိပ်သာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မနေ့ မေလ ၁၉ရက် ညနေပိုင်းက ဦးစိုးလွင်ဦးဆိုသူက အသက် ၁၆နှစ်အရွယ်ရှိ သမီးဖြစ်သူ မစုပုံချစ်ကို ရိုက်နှက်ဆုံမရာကနေ လက်လွန်ပြီး သေဆုံးသွားတာကြောင့် ဖဖ်းဆီးခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“သူ့သမီးနဲ့စကားများပြီး သူ့သမီးကိုရိုက်တာ၊ ကောင်မလေးက အိမ်ရှေ့ကို ထွက်ပြေးပြီး လဲကျသွားတယ်၊ ပြီးတော့ အသက်မရှိတော့ဘူး”လို့ သူကပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက”ဖြစ်စဉ်ကမှန်ပါတယ် ၁၈ ရက်နေ့ ညနေကဖြစ်တာ၊ သူအဖေက ဝါးနှီးစိတ်နဲ့လည်းရိုက်တယ် ဖိနပ်နဲ့လည်းရိုက်တယ် လက်နဲ့လည်းရိုက်တယ်၊ အဲ့ဒါကြောင့် ကောင်မလေးသေသွားတာ”လို့ ပြောပါတယ်။
ဖခင်ဖြစ်သူရိုက်နှက်မှုကြောင့် သမီးဖြစ်သူမှာ ဝဲဘက်ပါးဖူးရောင် ဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားပြီး ရုပ်အလောင်းကို ရေကြည်
မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
သမီးဖြစ်သူကို သေသည်အထိရိုက်နှက်ခဲ့တဲ့ ဦးစိုးလွင်ဦးကို ဖမ်းဆီးကာ အသုတ်နယ်မြေရဲစခန်းမှ(ပ)၁၁/၂၀၂၂၊ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထား
တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။