ပြန်ထွက်လာပြီး မ———ထိုင်နေရာ အိမ်ရှေခန်းသို့လျှောက်လာကာ မ————ထိုင်နေသည်ကို ရှေမှတွန်းလှဲ၍ လဲကျသွားစဉ် အောင်သူရမှာ မ ————- ၏ ကိုယ်ပေါ်တက်ခွ၍ မ——-ဝတ်ဆင်ထားသောထမီအား အောက်မှအပေါ်သို့ဆွဲလှန်ကာ
Credit: NYI NYI -MCRA/SH ဗဟို
Unicode
(၁၈)နှစ်အပျိုတစ်ဦးတည်း ရှိနေစဉ် “ကွမ်းယာ စားအူးမယ်ဆိုပြီး မီးဖိုချောင်သို့ဝင်သွားကာ” ပြန်ထွက်လာစဉ်… See more
ဘိုကလေးမြို့နယ် မဂူချောင်းတွင်းကျေးရွာ/အုပ်စု၌ နေအိမ်ပေါ်တက်၍အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။ဖြစ်စဉ်မှာ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မဂူချောင်းတွင်းကျေးရွာ/အုပ်စု ၌ မ———-(၁၈)နှစ်(အပျို) သည် နေအိမ်၌
တစ်ဦးတည်းရှိနေစဉ် တစ်ရွာတည်းနေ အောင်သူရ ဆိုသူမှာ နေအိမ်ပေါ်တက်လာပြီး ကွမ်းစားလိုကြောင်းပြောကြား ပြီးနောက် နေအိမ်နောက်ဖေးမီးဖိုချောင်သို့ဝင်ရောက်သွားကာ ဟင်းအိုးများအားဖွင့်လှစ်ကြည့်ရှု၍
ပြန်ထွက်လာပြီး မ———ထိုင်နေရာ အိမ်ရှေခန်းသို့လျှောက်လာကာ မ————ထိုင်နေသည်ကို ရှေမှတွန်းလဲှ၍ လဲကျသွားစဉ် အောင်သူရမှာ မ ————- ၏ ကိုယ်ပေါ်တက်ခွ၍ မ——-ဝတ်ဆင်ထားသောထမီအား အောက်မှအပေါ်သို့ဆွဲလှန်ကာ
မ———–၏လက်များကိုချုပ်နှောင်ပြီး ၎င်းဝတ်ဆင်ထားသောပုဆိုးအားချွတ်၍ မ———-၏ ကိုယ်ပေါ်မှနေပြီး (၁၅)မီးနစ်ခန့် အဓမ္မပြုကျင့်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံပြုကျင့်ခဲ့ကြောင်း နှင့် အောင်သူရမှာ “ပြန်ပြောလျှင် သတ်ပစ်မည်” မည်ဟု ခြိမ်းခြောက်ပြောဆိုကာ
နေအိမ်ပေါ်မှဆင်းသွားသဖြင့် အလိုမတူဘဲအဓမ္မပြုကျင့်သူ အောင်သူရ(၂၄)နှစ် (အိမ်ထောင်ရှိ) အား ဥပဒေအရ အရေးယူပေးပါရန် မ—————မှ
တရားလိုပြုလုပ်တိုင်တန်းသဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူ အောင်သူရအား ဘိုကလေး မြို့မရဲစခန်း မှ (ပ)၃၁၃ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။