ချစ်သူကောင်းလေးက ယောက်ကျားလေးမဟုပ် ကြောင်း ဝန်ခံလိုက်တဲ့ သရုပ်ဆောင် သန်းသန်းစိုး ရဲ့ ချစ်သူကောင်လေး

တစ်ချိန်က ပုရိသတွေကြားမှာ ရေပန်းစားခဲ့တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှလှနဲ့ မင်းသမီးကြီးတစ်ဦးဖြစ်တဲ့

သန်းသန်းစိုး ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါပဲ။

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် သန်းသန်းစိုး ဟာဆိုရင် တစ်ချိန်က ကျားမမကျန်

လူကြိုက်များခဲ့တဲ့ တဲ့မင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင် ပီပြင်လွန်းတဲ့သူမကတော့ ချစ်တဲ့အမာခံပရိသတ်တွေကို အများကြီးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာ သန်းသန်းစိုး ကတော့ အမေနေရာမှာ သရုပ် ဆောင် ရင်း ဇာတ်လမ်းတွဲမျ ားကို ရိုက်ကူးလျက်ရှိပါတယ်။

သန်းသန်းစိုး ဟာ သင်္ကြန်အခါသမယမှာ စစ်ကောင်စီက ပြု လုပ်ခဲ့တဲ့သင်္ကြန်မဏ္ဏပ်မှာ

သွားရောက်ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတာပါ။

ဒါပေမယ့်လဲ သူမဟာ ဝေဖန်မှု့တွေကြားက လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး မျက်ကွယ်ပြုထားခဲ့ပါတယ်။

အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်သန်းသန်းစိုး ဟာ ချစ်သူသက်တမ်း(၄)နှစ်ပြည့်

သွားလို့ ချစ်သူကောင်လေးကို တရား၀င်ချပြလာခဲ့ပါတယ်နော်။

ဆေးပေးမီးယူအနေနဲ့ အသက် ၁၅ နှစ်နီးပါးငယ်တဲ့ ရည်းစားလေးနဲ့တွဲနေကြောင်းကို

ပရိသတ်တွေသိအောင် ထုတ်ကြွားခဲ့ပါတယ်။

ဒါကြောင့်လဲ ပရိသတ်တွေကတော့ အသက်ငယ်ငယ်ချစ်သူကောင်လေးကို

ရုတ်တရတ်ချပြလိုက်တာကြောင့် အံ့သြနေကြပါတယ်။

သရုပ်ဆောင် သန်းသန်းစိုးရဲ့ချစ်သူ ခွန်းဆက်လင်း ကတော့ အားလုံးထင်သလိုယောကျာ်းလေ

းတစ်ယောက်မဟုတ်ကြောင်း အခုလိုပဲ ကိုယ်တိုင်ဝန်ခံလာခဲ့ပါတယ်။

“ကျွန်တော်ကအရင်တုန်းက မိန်းကလေးပုံစံနဲ့ပဲနေခဲ့တာပါ။

အသက်(၂၀)ကျော်လောက်ကျတော့မှ

ကိုယ်နေချင်တဲ့ယောင်္ကျားလေးပုံစံမျိုးနေခဲ့တာပေါ့။

ဆံ‌ပင်တွေညှပ်လိုက်တယ်။ဟိုမုန်းဆေးထိုးတယ်။နော

က်ဆုံးရင်သားပါခွဲစိတ်လိုက်ပါတယ်။ငယ်ငယ်

လေးကတည်းက ယောက်ျားလေးပုံစံနေချင်ပေမယ့် အမေက ပေးမနေဘူးပေါ့။

သမီးလေးတစ်ယောက်တည်းပါတာဆိုတော့လေ။ကျွန်တော်တို့နှစ်ယောက်ရဲ့ Relationship အကြောင်းကို

သူ(သန်းသန်းစိုး)က ပွင့်ပွင့်လင်းလင်းပြောပြလိုက်တော့

အရမ်းပျော်ပါတယ်။သူ့ကိုပိုပြီးတော့လည်း

လေးစားသွားတယ် “လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။

သန်းသန်းစိုးရဲ့ ချစ်သူကောင်လေးရဲ့ အမည်ရင်းမှာ ခွန်းဆက်လင်းဖြစ်ပြီး tomboy လေးပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့အချစ်ရေးကို ဆက်လက်ပြီးစောင့်ကြည့်အားပေးလိုက်ကြပါအုန်းနော်။

Leave a Reply

Your email address will not be published. Required fields are marked *