KTV နဲ့ ကလပ်တွေမှာသောက်တဲ့ Happy Water ကို ကော်ဖီအမှတ်နဲ့ ဖျော်သောက်မိရာ တာချီလိတ်မှ ဆရာတော်တပါးနှင့် ဒကာ ၄ဦး သတိလ-စ်မေ့မျေ-ာ
မဲခေါင်၊ အောက်တိုဘာ ၁၇
KTV နဲ့ ကလပ် သွားရောက်သူတွေ ကခုန်ရာမှာ စိတ်မြူးကြွစေဖို့ သောက်သုံးတဲ့ Happy Water ခေါ် မူးယစ်ဆေးတစ်မျိုးကို ကော်ဖီထင်မှတ်ပြီး ဖျော်သောက်မိရာကနေ တာချီလိတ်မြို့ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော်တစ်ပါးနဲ့ ဒကာ ၄ဦး သတိလ-စ်မေ့မျေ-ာသွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၇နာရီခွဲခန့်က တာချီလိတ်မြို့၊ ကျောက်တောင်ရပ်မှာရှိတဲ့ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်က ဆရာတော်ဥူးကေလာသနဲ့ ဒကာ ၄ဦးဟာ Happy Water ကို ကော်ဖီအမှတ်နဲ့ သောက်သုံးမိတာဖြစ်ပြီး အခုဆေးရုံတင်ထားရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အဲဒီ(Happy Water)ဟာကို ကော်ဖီဆိုပြီး လာလှူထားတာ၊ ကျန်တဲ့လူတွေကလည်း မသိတော့ ဖျော်ပြီး ဆရာတော်ကိုလည်းကပ်၊ လူတွေလည်းသောက်တာပေါ့။ အဲဒါသောက်ပြီး ခဏလောက်နေတော့ သတိမေ့ကုန်တာ” လို့ သူကပြောပါတယ်။
မနက် ၁၀နာရီခွဲခန့်အထိ ဆရာတော်နဲ့ အသက် ၅၀ ကျော်အရွယ်ဒကာတစ်ဦး သတိလ-စ်မေ့မျေ-ာနေဆဲဖြစ်ပြီး ကျန်တဲ့လူတွေတော့ သတိရပြီလို့ သိရပါတယ်။
Happy Water ကို ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအသစ်တစ်မျိုးအဖြစ် သတ်မှတ်ကာ တင်းကြပ်စောင့်ကြည့်နေပြီး တာချီလိတ်က KTV နဲ့ ကလပ်တွေမှာတော့ တွင်ကျယ်စွာ အသုံးပြုနေတယ်လို့ ဒေသခံ လူငယ်တွေထံကနေ သိရပါတယ်။
MeKongNews
KTV နဲ႔ ကလပ္ေတြမွာေသာက္တဲ့ Happy Water ကို ေကာ္ဖီအမွတ္နဲ႔ ေဖ်ာ္ေသာက္မိရာ တာခ်ီလိတ္မွ ဆရာေတာ္တပါးႏွင့္ ဒကာ ၄ဦး သတိလ-စ္ေမ့ေမ်-ာ
မဲေခါင္၊ ေအာက္တိုဘာ ၁၇
KTV နဲ႔ ကလပ္ သြားေရာက္သူေတြ ကခုန္ရာမွာ စိတ္ျမဴးႂကြေစဖို႔ ေသာက္သုံးတဲ့ Happy Water ေခၚ မူးယစ္ေဆးတစ္မ်ိဳးကို ေကာ္ဖီထင္မွတ္ၿပီး ေဖ်ာ္ေသာက္မိရာကေန တာခ်ီလိတ္ၿမိဳ႕ နတ္ေမာက္ေ႐ႊသူေဌးကုန္းေက်ာင္းတိုက္မွ ဆရာေတာ္တစ္ပါးနဲ႔ ဒကာ ၄ဦး သတိလ-စ္ေမ့ေမ်-ာသြားတယ္လို႔ သိရပါတယ္။
ဒီေန႔မနက္ ၇နာရီခြဲခန႔္က တာခ်ီလိတ္ၿမိဳ႕၊ ေက်ာက္ေတာင္ရပ္မွာရွိတဲ့ နတ္ေမာက္ေ႐ႊသူေဌးကုန္းေက်ာင္းတိုက္က ဆရာေတာ္ဥဴးေကလာသနဲ႔ ဒကာ ၄ဦးဟာ Happy Water ကို ေကာ္ဖီအမွတ္နဲ႔ ေသာက္သုံးမိတာျဖစ္ၿပီး အခုေဆး႐ုံတင္ထားရတယ္လို႔ သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။
“အဲဒီ(Happy Water)ဟာကို ေကာ္ဖီဆိုၿပီး လာလႉထားတာ၊ က်န္တဲ့လူေတြကလည္း မသိေတာ့ ေဖ်ာ္ၿပီး ဆရာေတာ္ကိုလည္းကပ္၊ လူေတြလည္းေသာက္တာေပါ့။ အဲဒါေသာက္ၿပီး ခဏေလာက္ေနေတာ့ သတိေမ့ကုန္တာ” လို႔ သူကေျပာပါတယ္။
မနက္ ၁၀နာရီခြဲခန႔္အထိ ဆရာေတာ္နဲ႔ အသက္ ၅၀ ေက်ာ္အ႐ြယ္ဒကာတစ္ဦး သတိလ-စ္ေမ့ေမ်-ာေနဆဲျဖစ္ၿပီး က်န္တဲ့လူေတြေတာ့ သတိရၿပီလို႔ သိရပါတယ္။
Happy Water ကို ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးဝါးအသစ္တစ္မ်ိဳးအျဖစ္ သတ္မွတ္ကာ တင္းၾကပ္ေစာင့္ၾကည့္ေနၿပီး တာခ်ီလိတ္က KTV နဲ႔ ကလပ္ေတြမွာေတာ့ တြင္က်ယ္စြာ အသုံးျပဳေနတ