Zawgyi
စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်းကျေးရွာအုပ်စု ရိပ်သာကျွန်းကျေးရွာတွင် အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ဖခင်အရင်းဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူဖခင်အားဖမ်းဆီးအရေးယူထားကြောင်း စစ်ကိုင်းမြို့ နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းကစစ်ကိုင်းမြို့နယ် ရိပ်သာကျွန်းကျေးရွာနေ မ . . .အသက်(၁၃)နှစ်သည် ၎င်းအားဖခင်ဖြစ်သူက အဓမ္မပြုကျင့်ကြောင်း ၎င်း၏မိခင်ဖြစ်သူကိုပြန်လည်တိုင်ကြားပြောပြသဖြင့် မိခင်ဖြစ်သူမှ စစ်ကိုင်းခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောကရေးအသင်းသို့အကူအညီတောင်းခံခဲ့ပြီး ထိုမှတစ်ဆင့် ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့သည်။
”ကလေးရဲ့မိခင်က ကျွန်မတို့ စစ်ကိုင်းခရိုင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောကရေးအသင်းကို လာရောက်အကူအညီတောင်းပါတယ်။ ကလေးဖြစ်သူကိုဒီနေ့ပဲ စစ်ကိုင်းဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ဖခင်အရင်းက ပြစ်မှုကျူးလွန်တာပါ။ အခု ရဲတပ်ဖွဲ့က သွားဖမ်းထားပြီးပါပြီ”ဟု မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စစ်ကိုင်းခရိုင်ဥက္ကဌ ဒေါ်ခင်မျိုဌေးက ပြောသည်။