အလကားစားရတုန်းကစားခဲ့ပြီး တရားဝင်လက်ထပ်ခိုင်းမှ… See More

အလကားစားရတုန်းကစားခဲ့ပြီး တရားဝင်လက်ထပ်ခိုင်းမှ… See More

မသင်္ကာတရားခံ တစ်ဦးဖြစ်သူ ချစ်ကို(ခ)ပိုင်စိုးအောင် ၊အသက်(၃၂)နှစ် ယာဉ်မောင်း ရပ်ကွက်(၉)၊နယ်မြေ(၉)နေသူအား စစ်ဆေးခဲ့ရာ၎င်းသည် လွန်ခဲ့သော(၃)နှစ်ခန့်က စ၍ မန်ဆူကားဂိတ် တွင် အဌားယာဉ်မောင်း အဖြစ် လုပ်ကိုင်နေစဉ် သေဆုံးသူ ဒေါ်…….မှ ပဲခူးမြို့သို့ သွားရောက်ရန်ကားဌားခဲ့ကြောင်း၊

ထို့နောက် ၎င်းတို့(၂)ဦး အလွန်အမင်းရင်းနှီးခဲ့ပြီး ချစ်ကို မှာ အဌားယာဉ်မောင်း အဖြ စ်မှ ကိုယ်ပိုင်ယာဉ်ဖြင့်သာ ခရီးစဉ်များပြေးဆွဲခြင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့သည်ဟု သိရသည်။ထို့သို့ရ င်းနှီးဆက်ဆံမှု များ လာချိန် တွင် ဒေါ်……. မှ ၎င်းကို တရားဝင်လက်ထပ်ပေါင်းသင်းရန် ချစ်ကိုအား မကြာခဏပြောဆိုခဲ့သည်ဟု သိရသည် ။

ထို့အပြင် ဒေါ်……မှာ ချစ်ကို၏နေအိမ်အရှေ့သို့မကြာခဏရောက်လာပြီး ဆူပူအော်ဟစ်ပြောဆိုခြင်းများ လည်း ရှိခဲ့သည် ဟုဆိုသည် ။အမှုဖြစ်ပွားမည့် ရက်မရောက်မီနံနက်ပိုင်းက ချစ်ကိုသည် ရပ်ကွက် ( ၉ )နေအိမ် မှ တစ်ဆင့် MDY-6E/4964 Wish အမျိုးအစားအဖြူရောင်ယာဉ်ဖြင့် ဒေါ်…… နေထိုင်ရာ ရပ်ကွက်(၁၂)၊နယ်မြေ(၇)ဟက်ကာလမ်းရှိနေအိမ်သို့

သွားရောက်ကာ လက်ဘက်ရည်သောက်မည် ဟုခေါ် ဆောင်ကာ ကုန်စုံဆိုင် တစ်ခုမှ Blue Mountain တံဆိပ် လိမ္မော်ရည် (၄) ဗူးနှင့် ရေသန့်(၁) ဗူးအား ဝယ်ပြီးပြီး ဒေါ်……၏ ညီမဝမ်းကွဲဖြစ်သူ သေဆုံးသူနောက်တစ်ဦးဖြစ် သည့် နန်းလောင်ခမ်း အား ဖုန်းဆက်ကာ သွားရောက်ခေါ်ဆောင် ၍ ရေကန်တောင် ကန်အမှတ် (၁၄) သို့သွားရောက်ခဲ့သည်ဟု သိရသည်။

ထို့နောက် ချစ်ကိုမှ သေဆုံးသူ(၂)ဦး မရှိချိန် တွင် အချိုရည်(၂)ဗူး အတွင်း သို့ အသင့်ယူဆောင်လာသည့် အိပ်ဆေး(၁၀)လုံးစီအားကြိတ် ထည့်ကာ သေဆုံးသူ(၂)ဦးအား တိုက်ခဲ့ သည် ။ထို့နောက် ကားလေအေးပေးစက်နှင့် သီးချင်း ဖွင့်ထားစဉ် သေဆုံးသူ(၂)ဦးအိပ်ပျော်သွားခဲ့ရာမှ ကားထဲတွင်အသင့်ယူဆောင်လာသည့် နိုင်လွန်ကျစ်ကြိုးဖြင့် သေဆုံးသူ(၂)ဦးအား တုတ်နှောင်ကာ

ပါးစပ်များကိုလည်း တိတ်အကြည်ဖြင့် ပိတ်ထားခဲ့ပြီး ကားမှန်များအလုံပိတ်၍ ကားစက်ရပ်ကာ ချစ်ကိုက အနီးနားတွင်လမ်းလျှောက်နေခဲ့သည်ဟု ထွက် ဆိုသည်။ထို့ကဲ့သို့ပြုလုပ်ပြီး (၃)နာရီခန့်ကြာသောအချိန်တွင် ကားတံခါး အားပြန်လည်ဖွင့်ကြည့်စဉ် ဒေါ်……. နှင့် နန်းလောင်ခမ်းတို့မှာ အသက်မရှုတော့ပဲ ငြိမ်သက်နေသည်ကိုတွေ့ရသဖြင့် အမှန်တစ်ကယ်သေဆုံးနေခြင်းရှိမရှိကို

 

Leave a Reply

Your email address will not be published. Required fields are marked *