ထွန်း.နယ်ထိမ်းခေါင်းဆောင်ဒုရဲအုပ် ဝင်းပိုင်နှင့်အဖွဲ့တို့သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ
သေဆုံးသူ၏မိခင် ဒေါ်မအောင်ကြွယ် ဇွန်လ၁၃ရက်နေက သားဖြစ်သူမောင်ထူးအောင်လင်းအား ဆုံးမနေစဉ် အတက်ရောဂါဖြစ်၍ ဆေးခန်းသို့ သွားရောက်ကုသပေးခဲ့ရပြီး ယမန်နေ့ ၃နာရီအချိန်တွင်သေဆုံးခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သေဆုံးသူ မောင်ထူးအောင်း၏ အလောင်းအား ရဲဆေးစာဖြင့်
မန္တလေး ဆေးရုံကြီးသို့လပို့အပ်ခဲ့ရာPR16ဖြင့်လက်ခံစစ်ဆေးပြီး မောင်ထူးအောင်လင်းသေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာ အတိုင်းဟုတ် မဟုတ် သိရှိနိုင်ရန် သေမှုသေခင်းဖွင့်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ မောင်ထူးအောင်လင်း၏ ဦးခေါင်းအား တံမြတ်စည်းဝါးလက်ကိုင်ရိုးနှင့် ရိုက်နှက်ဆိုဆုံးမခဲ့ကြောင်းသိရှိရပါသည်
တရားလိုတို့အဖွဲ့သည် မန္တလေး မြို့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဒေါက်တာ ယမင်းချို .ဒေါက်တာဘုန်းလျှံ. ဒေါက်တာ ဝင်းလွင်အောင်တို့မှသေဆုံးသူ၏အလောင်းအား ရင်ခွဲစစ်ဆေးခဲ့ရာ တရားလိုများလိုက်ပါကြည့် ရှုခဲ့ရပြီး သေဆုံးသူ၏ ဦးခေါင်း၌ရရှိသော
ဒဏ်ရာကြောင့် ဦးနှောက်အမှေးပါးအပေါ်၌သွေးခဲခြင်း.အမှေးပါးအောက်၌သွေးယိုခြင်းတို့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းသိရှိရသဖြင့် လူ၏အသက်အား ေဥည်အထိ ဒဏ်ရာရရှိအောင် ရိုက်နှက်ခဲ့သူ ဒေါ်မအောင်ကြွယ်.