၁၉နှစ်အရွယ် အိမ်အကူမိန်းကလေး အthatတ်ခံရပြီး အိမ်ရှင်က အလောင်းဖျောက် ……

၁၉နှစ်အရွယ် အိမ်အကူမိန်းကလေး အthatတ်ခံရပြီး အိမ်ရှင်က အလောင်းဖျောက် ……

အုပ်ချုပ်ရေးမှူးက G1ကို ထပ်တိုင်တယ် အဲ့မှာ ပြန်စစ်ဖို့လုပ်တော့ အလောင်းမရှိတော့ဘူးဖြစ်သွားတယ်။” လို့ ပြည်သူတဦးက ပြောပါတယ်။

သေဆုံးသူဟာ မကြူကြူလွင် (ခ) အငယ်မ အသက် ၁၉ နှစ်ဖြစ်ပြီး ၊ သေဆုံးသူအပါအဝင် ညီအစ်မ သုံးယောက်ဟာ သာယာဝတီမြို့နယ် တောရွာတစ်ခုက မိဘမရှိကြတော့ဘဲ ဦးသိန်းစိုးတို့ အိမ်မှာ အိမ်အကူအဖြစ် နှစ်အတော်ကြာ လုပ်ကိုင်နေကြကာ စိတ်တိုင်းမကျတိုင်း ရိုက်နှက်တာတွေခံရတယ်လို့လည်း ဆိုပါတယ်။

ညီအမတွေကို ရုံးခေါ်စစ်ဆေးတော့လည်း အိမ်ရှင်က လက်ဝတ်ရတနာ အပြည့်ဆင်ပေးထားပြီး နှုတ်ပိတ်ထားတာကြောင့် အိမ်ရှင်ကိုကြောက်ရတဲ့အတွက် အမျိုးသမီးရောဂါနဲ့ သေဆုံးတယ်ဆိုပြီး ထွက်ဆိုချက်အမှားတွေသာ ပြောခဲ့တယ်လို့ သိရပါတယ်။

ဦးသိန်းစိုးဟာ အုပ်ချုပ်ရေးလူတန်းစားတွေနဲ့ ရင်းနှီးစွာနေထိုင်တတ်တဲ့ မြို့မျက်နှာဖုံးတဦးဖြစ်ပြီး ယခုအဖြစ်ပျက်ဟာ သွေးရိုးသားရိုးသေဆုံးမှု မဟုတ်မှန်းသိသိနှင့် စစ်ကောင်စီ အဆင့်ဆင့်က လာဘ်စားကာ အလောင်းအား
မီးသင်္ဂြိုလ်ခိုင်းခဲ့တဲ့အတွက် မြို့နယ်နေ ပြည်သူလူထုတွေ ဒေါသထွက်နေကြတယ်လို့လည်းသိရပါတယ်။

အဲ့ဒီအပြင် သေဆုံးသူအမျိုးသမီးငယ်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး မဒိန်းမှုပါဖြစ်နိုင်လို့ သတင်းတွေထွက်နေပေမယ့် မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ crd

Leave a Reply

Your email address will not be published. Required fields are marked *