ဂိမ်းရှုံးတာအမေ့ကြောင့်ဆိုပြီးသားဖြစ်သူမှအမေအိပ်နေချိန်ခေါင်းအုံးဖြင့်See more
အပြောအဆိုတွေရိုင်းလာတဲ့အထိတွေ့မြင်ရကြုံ တွေ့ရပြီးနောက်ဆုံး ဂိမ်းရဲ့ဆိုးကျိုးကြောင့် ကံ သုံးပါးစလုံး ရိုင်းကြလာကြတာတွေလည်းရှိကြပါတယ် ၊ အားလုံးကိုတော့မဆိုလိုပါဘူး ၊
ဂိမ်းကိုဂိမ်းလိုမဆော့ကြဘဲ အနိုင်အရှုံးပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲကုန်ပြီး မလုပ်သင့်မလုပ်အပ်တဲ့အထိကျူးလွန်လာကြတာကိုပြစ်မှုဆိုင်ရာမှုခင်းသတင်းတွေအရ သိရပါတယ်။
ယခုဖော်ပြချင်တဲ့သတင်းလေးတစ်ပုဒ်က တော့ ပြီးခဲ့တဲ့ ညသန်းခေါင်ယံအချိန်က ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ နိုင်ငံခြားကပြန်လာပြီး ၁၀ ရက်တောင်မကြာသေးတဲ့
သားဖြစ်သူ ၁၆နှစ်သားအရွယ်လေးဟာ အခန်းတံခါးပိတ်လို့ ထမင်းမစားဟင်းမစား ၊ ဘယ်သူနဲ့မှလည်းစကားမပြော ဂိမ်းကြီးဘဲအာရုံစိုက်ကစားနေလို့
သားဖြစ်သူကို မိခင်ဖြစ်သူက ညည ဂိမ်းတွေအလွန်အကျွံမဆော့ဘို့တားမြစ်ဆုံးမတယ် ၊ မိဘဆိုတော့ သားသမီးကိုဆိုးဆုံးမဘို့တာဝန်ဝတ္တရားရှိတာထုံးစံပေါ့၊ခဏခဏဆူလွန်းလို့ မိခင်အိပ်နေတဲ့အချိန် သားဖြစ်သူဟာ အဝတ်နဲ့ပါးစပ်ကိုပိတ်ပြီး
ဓါးနဲ့အချက်ပေါင်းများစွာထိုးတယ် ၊ အမေဖြစ်သူကချက်ချင်းဝမ်းလျားမှောက်လိုက်တယ် နေ ာက်ကြောကနေတစ်ကိုယ်လုံးကိုဓါးဒဏ်ရာ ၁၂ ချက်တိတိအထိုးခံရနေရချိန် အမေဖြစ်သူဟာရုန်းထရင်းသားဖြစ်သူကိုတွန်းလိုတယ် ၊
မိခင်ရဲ့သွေးနဲ့ဘဲ သားဖြစ်သူဟာချော်လဲကျသွားတယ် ၊ မိခင်ဖြစ်သူဟာ ဒဏ်ရာတွေကြားကနေ သားဖြစ်သူကို ပြောတယ် ” ကိုယ့်ကိုမွေးထုတ်တဲ့ အမေ့ကိုအသေသတ်မလို့မလား သား ? အမေကသားကိုချစ်လို့ဆုံးမတာပါ ၊