ဖစ်စဉ်မှ ဖခင်ဖြစ်သူ သေဆုံးသွားပြီးနောက် မီးသင်္ဂြိုလ်ခြင်း မပြုလုပ်ရန် တာဝန်ရှိ ဆွေမျိုးအကြီးအကဲများက တားမြစ်သော်လည်း အလောင်းအား မိမိဆန္ဒ သဘောဖြင့် ညီအစ်ကို သုံးဦးက လယ်ကွက်အတွင်း မီးရှို့ခဲ့ခြင်းသာ ဖြစ်ကြောင်း၊
ယင်းအခြေအနေနှင့် ပတ်သက်၍ ဒုရဲမှူး ထွန်းလင်းခိုင်က “ဒါပေမယ့် တားနေတဲ့ကြားထဲ လုပ်လိုက်တော့ အဲ့သဘော သက်ရောက်တာပေါ့နော်၊ တားတယ် ဆိုတာကတော့ သူ့အဖိုးတွေ သူ့အဖေဘက်က မိသားစုတွေက တားရဲ့သားနဲ့ လုပ်လိုက်တဲ့ သဘောပေါ့၊ လူသတ်တာက တစ်ယောက်တည်းပဲ၊ သတ်တာတော့လည်း မဟုတ်ပါဘူးဗျာ၊
အဖေနဲ့ သားနဲ့ အပြန်အလှန် စကားများကြပြီးတော့ သားက ရိုက်လိုက်တာ၊ ရိုက်လိုက်တော့ လက်လွန်သွားတာပေါ့၊ လက်လွန်တော့ သေတာပေါ့၊ သတ်စေလိုတဲ့ သေစေလိုတဲ့ ဆန္ဒကြောင့် မဟုတ်ဘူး သုံးယောက်ပေါင်းပြီးသတ်တာ မဟုတ်ဘူး” ဟု ဆက်လက် ပြောကြားသည်
ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၅ နာရီ အချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် ဟာရီးကျေးရွာအုပ်စု၊ ဆာရာဝန်ကျေးရွာနေ ဦးဒေဝါနန်း၏ စပါးရိတ်သိမ်းထားသည့် လယ်ကွက်အတွင်း၌ လူသေအလောင်းအား မီးရှို့နေကြောင်း သတင်းအရ ကျောက်တံခါးမြို့မ ရဲစခန်း၏ ခေတ္တစခန်းမှူး ဒုရဲမှူး ထွန်းလင်းခိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ သေဆုံးသူမှာ ဦးဒေဝါနန်း ၄၅ နှစ်၊ ဆာရာဝန်ကျေးရွာ နေသူဖြစ်ပြီး သေဆုံးသူ၏ အတူနေ သားများဖြစ်သည့် ဂျိုက်ကီစိုး (၂၀) နှစ်၊ ကစ္စနား (၂၁) နှစ်နှင့် ဆိုနီး (၁၉) နှစ် တို့မှာ မီးသင်္ဂြိုလ်သည့်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား တာဝန်ရှိသူများက ဆက်လက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးဒေဝါနန်းသည် အရက်သေစာများ သောက်စား မူးယစ်တတ်ပြီး ၎င်းပိုင် လယ်ထဲ၌ အတူနေသားဖြစ်သူ သုံးဦးအပါအဝင် ၎င်း၏ဇနီးဖြစ်သူတို့နှင့် စကားများ ရန်ဖြစ်တတ်ကြောင်း၊ ထိုသို့စကားများ ရန်ဖြစ်ရာတွင် ၎င်း၏ ဇနီးနှင့် သားများကို ပေးစားဆဲဆို ရန်ရှာခဲ့သဖြင့်
သားဖြစ်သူ ဂျိုက်ကီစိုးမှ ညနေပိုင်းက တုတ်ဖြင့် ဖခင်ဖြစ်သူ ဦးဒေဝါနန်း၏ ဦးခေါင်းအား ရိုက်ခဲ့ရာ သတိလစ် မေ့မျောသွားပြီးနောက် ညနေ ၆ နာရီခန့်တွင် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးအလောင်းအား အခင်းဖြစ်နေရာနှင့် ၄ ဖာလုံခန့်အကွာ ဦးဒေဝါနန်းအပိုင် လယ်ကွက် အတွင်း၌ ညီအစ်ကို သုံးဦးပေါင်းကာ မီးသင်္ဂြိုလ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးဒေဝါနန်းအား ဒဏ်ရာရရှိ သေဆုံးအောင် တုတ်ဖြင့်ရိုက်ခဲ့သူ ဂျိုက်ကီစိုးနှင့် သေဆုံးသူ အလောင်းအား မီးရှို့ဖျက်စီးရန် ပါဝင်သူများဖြစ်သည့် ကစ္စနားနှင့် ဆိုနီး၊
စုစုပေါင်း သုံးဦးတို့အား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် နော်ဒေစီမှ တရားလိုလုပ် တိုင်တန်းသဖြင့် ကျောက်တံခါးမြို့မ ရဲစခန်းမှဥပဒေပုဒ်မ ၃၀၂/၂၀၁/၁၁၄ အရ အမှုဖွင့် အရေးယူထားပြီး၊ ပြစ်မှုမှ ညီအစ်ကို သုံးဦးအနက် ဆိုနီး ဆိုသူမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိကာ ၎င်းအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
Credit – O
rigi
Unicode
သားအဖချင်းစကားများကြရာမှ စိတ်မထိန်းနိုင်ကာ ဖခင်ဖြစ်သူအား သားအရင်းမှ လယ်တောထဲ၌… See more
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဆာရာဝန်ကျေးရွာတွင် သားဖြစ်သူက တုတ်ဖြင့်ရိုက်ရာမှ ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီး အဆိုပါ ဖခင်၏ ရုပ်အလောင်းအား သေဆုံးသူ၏သား သုံးယောက်ပေါင်း၍ မီးရှို့ဖျက်ဆီးမှုဒီဇင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျောက်တံခါးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တံခါးမြို့မ ခေတ္တစခန်းမှူး ဒုရဲမှူး ထွန်းလင်းခိုင်က “ညီအစ်ကို သုံးယောက်က ဖအေကိုသတ်တာ မဟုတ်ပါဘူး၊ သားအဖချင်း စကားများကြတာပါ၊ သားအဖချင်း စကားများပြီးတော့ စလုပ်တဲ့သူက ပြန်ရိုက်လိုက်လို့ အဖေက ခေါင်းမှာဒဏ်ရာရပြီးတော့ ဆုံးသွားတာပါ သားဖြစ်သူ တစ်ယောက်ထဲက သတ်တာပါ၊
မီးရှို့တာကတော့ သေတော့လည်း သူတို့ထုံးစံအရ မီးရှို့တာပေါ့၊ လူသတ်မှုနဲ့ပဲ အရေးယူထားပါတယ်ဗျ။ တစ်ယောက်ကတော့ လူသတ်မှုပေါ့ နောက်နှစ်ယောက်ကတော့ သူတို့သဘောနဲ့ သူတို့ သက်ဆိုင်ရာကို အကြောင်းမကြားဘဲနဲ့ သင်္ဂြိုလ်တဲ့အတွက် ဒါက ဥပဒေကြောင်းအရ မချဥ့်ချိန်လို့ ရှောင်လွှဲလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ” ဟုပြောကြားသည်။
ဖြစ်စဉ်မှ ဖခင်ဖြစ်သူ သေဆုံးသွားပြီးနောက် မီးသင်္ဂြိုလ်ခြင်း မပြုလုပ်ရန် တာဝန်ရှိ ဆွေမျိုးအကြီးအကဲများက တားမြစ်သော်လည်း အလောင်းအား မိမိဆန္ဒ သဘောဖြင့် ညီအစ်ကို သုံးဦးက လယ်ကွက်အတွင်း မီးရှို့ခဲ့ခြင်းသာ ဖြစ်ကြောင်း၊
ထိုကဲ့သို့ တားမြစ်နေသည့်ကြားမှပင် အလောင်းအား မီးရှို့ခဲ့ခြင်းမှာ အလောင်း ဖျောက်ဖျက်သည့်သဘော သက်ရောက်သလို ရှိနေသဖြင့် ညီအစ်ကို သုံးဦးလုံးအား အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဖခင်ဖြစ်သူကို တုတ်ဖြင့်ရိုက်သူမှာ တစ်ဦးထဲသာဖြစ်ပြီး သေစေလိုသည့် ရည်ရယ်ချက် မရှိဘဲ ရိုက်ခဲ့ရာမှ သေဆုံးခြင်းဖြစ်ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။