သာပေါင်းမြို့တွင် ငွေမပေးသဖြင့်အဖိုးဖြစ်သူကိုသတ်ကာဖုန်းနှင့်လှေယူသွားသူ မြေးနှင့်အပေါင်းပါ ၂ ဦးတို့ကိုဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိ။ရသည်။
ဖေဖော်ဝါရီ၂ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်က ဘိုကလေးမြို့နယ်၊သာ ပေါင်းကျေးရွာအုပ်စုနေ ဒေါ်ယုယုဝေ(ခ)စုစု နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်သောင်းမှာ လယ်ကွင်း အတွင်း ရေပေါက်များပိတ်ရန်အတွက် နေအိမ် မှ လက်လှော်လှေဖြင့်လယ်ကွင်းအနီးခြံထဲ၌ဖခင်ဦးခင်မောင်ထံသို့ထွက်သွားခဲ့သည်။
နံနက် ၆ နာရီအချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့် သောင်းက ဖုန်းဆက်၍ ဖခင်ဖြစ်သူ ဦးခင်မောင် မှာ၎င်းနေအိမ်ခြေရင်းဘက် မြေကြီးပေါ်၌ ပက်လက်အနေအထားဖြင့် ဦးခေါင်းသွေးထွက် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိ ရကြောင်း ပြောပြသိရှိခဲ့သဖြင့် ဒေါ်ယုယုဝေ(ခ) စုစု က သွားရောက် ကြည့်ရှုခဲ့သည်။
ဖခင်ဦးခင်မောင်မှာ မြေကြီးပေါ်၌ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ဦးခင်မောင် ကိုင်ဆောင်သည့် honoar အမျိုးအစား ဖုန်းတစ်လုံးနှင့် နေအိမ် ဆိပ်ကမ်းတွင်ထားရှိသော လက်လှော်လှေ တစ်စီးတို့ ပျောက်ဆုံးနေသည်ကိုသိရ၍ အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဘိုကလေးမြို့မရဲစခန်းမှ (ပ)၁၅/၂ဝ၂၁၊ ရာဇ သတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုရေးဖွင့်ကာ စခန်းမှူး ဒုရဲမှူးကျော်မျိုးထက်က စုံစမ်းခဲ့သည်။စုံစမ်းချက်အရဦးခင်
မောင်၏ သားအကြီးဆုံးဖြစ်သူ ဦးဇော်ဝင်း၏သားမြေးဖြစ်သူ ဝေယံလင်းမှာ ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ဖခင် ဖြစ်သူနှင့် စကားများပြီး အဝတ်အစားများယူ၍ နေအိမ်မှဆင်းသွားကြောင်း၊ ၎င်းသည် အဘိုး ဖြစ်သူ ဦးခင်မောင်၏ နေအိမ်သို့ ဝင်/ထွက် လေ့ရှိပြီး အဘိုးအိမ်မှ ပစ္စည်းခိုးတတ်ကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါနေရာတွင် ဝေယံ လင်းနှင့်အတူ ချစ်စု (၁၈)နှစ်တို့ကို တွေ့ရှိရပြီး ချစ်စုမှာ ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဘိုကလေးမြို့ နယ်၊ (၁)ရပ်ကွက်၊ (၂)လမ်းဖြတ်၊ မြေစာရင်း ရုံးထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။
ဝေယံလင်း သွားလာတတ်သည့် နေရာများကိုဆက်လက်စုံစမ်းရာ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ည ၁၂နာရီ ၁၀မိနစ်အချိန်တွင် ဝေယံလင်းမှာ ဘိုကလေးမြို့နယ်၊ (၁)ရပ်ကွက်၊ သစ်တောရုံးအနီး၊ ကမ်းနားတွင် ရောက်ရှိနေ ကြောင်းသတင်းအရ သွားရောက်ရှာဖွေခဲ့သည်။