မိထၱီလာခရိုင္မွာ အေျခခ်ေနထိုင္တဲ့ ရဲအရာရွိ အၿငိမ္းစားတဦးက ” အမ်ိဳးသမီး အခ်ဳပ္တရားခံကို ႀကီးၾကပ္ေစာင့္ထိန္းဖို့အတြက္ တာဝန္ခ် (၄ က)မွာ အမ်ိဳးသမီး ရဲေမေတြပဲျဖစ္ရမွာပါ ၊ ရဲတပ္သားက အခ်ဳပ္တရားခံ အမ်ိဳးသမီးနဲ႔
ပတ္သက္ေနတယ္ ဆိုကတည္းက အုပ္ခ်ဳပ္မွု ေလ်ာ့နည္းျဖစ္စဥ္က စတဲ့ ျပႆနာလို့ ျမင္မိတယ္ ၊ ေနာက္ၿပီး ကင္းမွူး ၊အုပ္ခ်ဳပ္ ၊တာဝန္မွူးနဲ႔ စခန္းမွူးတို့က ထြက္ေျပးသြား၂ ေယာက္ရဲ့ဆက္ဆံေရးကို ႀကိဳတင္အကဲခတ္ သိရွိထားဖို့လိုတယ္ ၊ ႀကိဳတင္ သိထားရင္ ဒီလိုမ်ိဳးျပႆနာ ေပၚေပါက္စရာအေၾကာင္းမရွိဘူး “လို့ ေျပာပါတယ္။
အခုလို အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီးတေယာက္ကို တာဝန္က် ရဲဝန္ထမ္းတေယာက္က ေခၚေဆာင္ထြက္ေျပးသြားတဲ့ျဖစ္စဥ္ဟာ ရဲေလာကမွာ ပထမဆုံးအႀကိမ္ ျဖစ္ပြားခဲ့တာျဖစ္တယ္လို့ ရဲအရာရွိတခ်ိဳ့က ေဝဖန္ေျပာဆိုတာေတြ ရွိပါတယ္။
ဒါ့အျပင္ မႏၲေလးတိုင္းရဲတပ္ဖြဲ႕ကေတာ့ ထြက္ေျပးသြားတဲ့ အခ်ဳပ္တရားခံတေယာက္နဲ႔ ရဲတပ္သား ၁ ေယာက္ကို အျမန္ဆုံး ျပန္လည္ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနတယ္လို့လည္း သိရပါတယ္။
အဲ့ဒီ အခ်ဳပ္က်ေနတဲ့ အမ်ိဳးသမီးတေယာက္ကို တာဝန္က် ရဲတပ္သား တေယာက္က အျပင္ထုတ္တဲ့အခ်ိန္ ေခၚေဆာင္ ထြက္ေျပးသြားတယ္ဆိုတဲ့ ကိစၥကို ေမးျမန္းဖို့ မလွိုင္ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး႐ုံးကို VOM ဆက္သြယ္ခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ ဆက္သြယ္လို့ မရေသးပါဘူး။
Unicode
ရဲစခန်းမှာ အချုပ်ကျနေတဲ့ အမျိုးသမီး(၁)ဦးကို တာဝန်ကျ ရဲဝန်ထမ်းဖြစ်သူမှ ခိုးပြေးမှုဖြစ်ပွား
မန္တလေးတိုင်း ၊ မိတၳီလာခရိုင် ၊ မလှိုင်မြို့ ၊မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို မနေ့ ဇူလိုင် ၁၀ရက်က တာဝန်ကျ ရဲတယောက်ကနေ ခိုးယူထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။
” အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ ကောင်မလေးက ကိုမောင်တူးရဲ့သမီး မအိသန္တာအောင်ဆိုသူဖြစ်တယ် ၊ မနေ့က အပြင်ထုတ်တဲ့အချိန်မှာ
တာဝန်ကျ ရဲတပ်သား စိုးပိုင်က ခိုးယူထွက်ပြေးသွားတယ် ၊ ကောင်မလေးက သော့တန်းလန်းကြီးနဲ့ ပါသွားတာ ၊ ခေါ်ဆောင်ပြေးတဲ့ ရဲက မလှိုင်သားပါ ၊ လက်နက်မဲ့နဲ့ပြေးတာပါ ၊ အစောကတည်းက သူတို့ အကြံအစည်ရှိဟန်တူတယ်”လို့ မန္တလေး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။
မိထ္တီလာခရိုင်မှာ အခြေချနေထိုင်တဲ့ ရဲအရာရှိ အငြိမ်းစားတဦးက ” အမျိုးသမီး အချုပ်တရားခံကို ကြီးကြပ်စောင့်ထိန်းဖို့အတွက် တာဝန်ချ (၄ က)မှာ အမျိုးသမီး ရဲမေတွေပဲဖြစ်ရမှာပါ ၊ ရဲတပ်သားက အချုပ်တရားခံ အမျိုးသမီးနဲ့
ပတ်သက်နေတယ် ဆိုကတည်းက အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်က စတဲ့ ပြဿနာလို့ မြင်မိတယ် ၊ နောက်ပြီး ကင်းမှူး ၊အုပ်ချုပ် ၊တာဝန်မှူးနဲ့ စခန်းမှူးတို့က ထွက်ပြေးသွား၂ ယောက်ရဲ့ဆက်ဆံရေးကို ကြိုတင်အကဲခတ် သိရှိထားဖို့လိုတယ် ၊ ကြိုတင် သိထားရင် ဒီလိုမျိုးပြဿနာ ပေါ်ပေါက်စရာအကြောင်းမရှိဘူး “လို့ ပြောပါတယ်။
အခုလို အချုပ်ကျနေတဲ့ အမျိုးသမီးတယောက်ကို တာဝန်ကျ ရဲဝန်ထမ်းတယောက်က ခေါ်ဆောင်ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဟာ ရဲလောကမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတချို့က ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။