အမှုဖွင့်အရေးယူထားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။ဖြစ်စဉ်မှာ ယမန်ည ၉ နာရီခွဲက မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်နေ ဒေါ်စိမ်းစိမ်းအေး(ခ)အန်းချော(၃၆ နှစ်)သည် ခင်ပွန်းဖြစ်သူ ဇော်လင်းထွန်း(၃၉ နှစ်)နှင့် ဓာတ်ဗူးပေါင်နှံသည့်ကိစ္စဖြင့်
စကားများရန်ဖြစ်ပြီး အိပ်ခန်းထဲတွင် အိပ်နေစဉ် ဇော်လင်းထွန်း(သေဆုံးသူ)၏ အခန်းတွင်းမှ အေ ာ်သံကြား၍ သွားရောက်ကြည့်ရှုရာ သားဖြစ်သူ ဇော်ဟိန်း(၁၆ နှစ်)၏လက်ထဲတွင် အဝတ်လျှော်ဖွတ်သည့် သစ်သားတုတ်အား ကိုင်ဆောင်ထားသည်ကို တွေ့ရှိရပြီး
ခင်ပွန်းဖြစ်သူမှာ ဦးခေါင်းချိုစောင်းတွင် ပေါ က်ပြဲဒဏ်ရာနှင့် နှာခေါင်းမှသွေး များထွက်ကာ မှေ ာက်လျက်လဲနေသည်ကိုတွေ့ရှိရကြောင်း၊ သွေးများကို ဆေးကြောပြီး နောင်ကိုင်တော်ရပ်ကွက်နေ ခဲအိုဖြစ်သူကို သွားရောက် ခေါ်ဆောင်၍
ခင်ပွန်းဖြစ်သူအား မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ သားဖြစ်သူဇော်ဟိန်းအား အပြစ်ဖြ စ်မည်စိုးသဖြင့် မိုးကောင်းရဲစခန်းတွင် မဟုတ်မမှန် သတင်းပေးတိုင်တန်းခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါ်ချက်များအရ ဇော်ဟိန်းမှာ
ဒေါသ အလျောက် ရိုက်နှက်ရာမှ လူသေဆုံးသည်အထိဖြစ်ခဲ့ပြီး စိမ်းစိမ်းအေး (ခ)အန်းချောမှာ အ ခင်းဖြစ်ပွားရာနေရာမှ သွေးကွက်များကို ဖျောက် ဖျက်ခြင်း၊ ရဲစခန်းသို့ လိမ်လည်တိုင်တန်းခြင်းတို့ကြောင့် ဇော်ဟိန်းနှင့် စိမ်းစိမ်းအေး (ခ)အန်းချောတို့နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။