ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်လို့ဆယ်ကျော်သက် လူငယ်တဦးအပါ ၂ဦးသေဆုံး

ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်လို့ဆယ်ကျော်သက် လူငယ်တဦးအပါ ၂ဦးသေဆုံး

ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်း မြို့နယ်မှာ အောက်တိုဘာ ၂၂ ရက် နေ့ လည်က တောင်ကုတ်ဘက် ကနေ ပြည်ဘက်ကို ဆရာတော် တပါးကိုယ် တိုင် မောင် းလာတဲ့ကားက အရှိန် လွန်ကာ လမ်းဘေး သစ်ပင် ဝင်တိုက်ခဲ့လို့ ကားပေါ်ပါ ၂ ဦးလုံး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နား အုပ်စု၊ မြောင်ရှည်ကျေးရွာ အနီး ပြည်-တောင်ကုတ်ကားလမ်းမှာ မနေ့က နေ့လည် ၂ နာရီ လောက်က ဖြစ်ပွားခဲ့တာလို့ ပန်းတောင်း မြို့ခံ တဦးက ပြောပါတယ်။

ကန်ဦးကျောင်း တိုက် ပန်းတောင်း မြို့နယ်ထဲကပါ ဆရာတော်ကိုယ်တိုင် မောင်းရင်း လမ်းရဲ့ ညာဘက်ဘေးက ကျွန်းပင်ကို ဝင်တိုက်မိတာပါ ဆရာတော်ရဲ့သက်တော်က ၃၀ ကျော် လောက်ပဲ ရှိဦးမယ် ပါလာတဲ့ကလေးကလည်း အသက်က ၁၃ နှစ်သား အရွယ်လောက်ပါ ” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို ပန်းတောင်းဆေးရုံကနေ ပြည်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ယာဉ်မောင်း ဦးဇာဝနနဲ့ အတူလိုက်ပါလာတဲ့ မောင်ထက်ဝေအောင်တို့ နှစ်ဦးဟာ ညနေ ၆ နာရီလောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆရာတော်နဲ့ ကလေးငယ်ရဲ့ရုပ်အ လောင်း တွေကို ပြည်ဆေးရုံက ငြိမ်းချမ်းရှင်နာ ရေး ကူညီမှု အသင်းကားနဲ့ စွယ်တော် ကျေးရွာကို ပြန်လည် သယ်ဆောင် သွားပြီဖြစ်တယ်လို့ သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *