လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက် ဂိုဏ်းချုပ်ကြီးရဲ့ ရာဇဝင်နဲ့ သမိုင်းကြောင်း
ပထမ အင်းတွေပေး အဆောင်တွေပေးတယ်။ ရံဖန်ရံခါ ချဲဂဏန်းပေးတယ်။ ရံဖန်ရံခါ ထိုင်းက ဝင်တဲ့ ရေမွှေးဆီပုလင်းတွေကို သူ့ဟာသူ အချိုးကျစပ်ပြီး ပီယဆေးဆိုပြီးဝေတယ်။ ပေးသမျှ ဝေသမျှကို ပေးတယ် ဝေတယ်ဆိုပြီး အလကားတော့မဟုတ် လမ်းဘေးမြွေပြပြီး မြွေဆေးဝေရင်း ပိုက်ဆံသိမ်းတဲ့ မျက်လှဲ့ဆရာလို အလှူပြန်ခံတယ်။
နောက်တော့ ဖိုထိုးရင်း သွပ်ကြွေးတယ် ဒုတ္တာပက်တယ် ယမ်းဖမ်းတယ်နဲ့ သူ့ကိုယ်သူ ရွှေဖြစ်အောင် ဖိုထိုးနိုင်တယ်လို့ ထလုပ်လို့ သူပြောတာကို လက်မခံသူတွေနဲ့ FB မှာ ပညာပြိုင်မယ်ဘာညာဆိုပြီး ဆဲပွဲဆိုပွဲကြီးတောင် ဖြစ်လိုက်သေးသဗျ။ တကယ်တော့ ဒီကောင်က အင်မတန်မှကိုလည်တဲ့ အင်မတန်မှကို ပါးနပ်တဲ့ လူလည်ဗျ။ သူ ဖမ်းစားရမယ့် လူတန်းစားရဲ့ Psychology ကို အင်မတန် နပ်တဲ့သူဗျ
ပြောရရင် ခုပြဿနာတက်တဲ့ စီလီကွန်အရုပ်ဆိုတာလည်း သူမသိတာမဟုတ်ဘူးဗျ။ သူ့ Live တွေမှာ ပြန်ကြည့်ကြည့် သူ သိသိကြီးနဲ့ တမင်ကိုလုပ်တာ။ ဒါလုပ်ရင် သူပိုကျော်ကြားမယ် လူသိမယ် သူပိုလုပ်စားလို့ရမယ်ဆိုပြီး ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ကို တမင်လုပ်ချသွားတာ။
ဒါပေသိ မြန်မာစကားရှိတယ်လေ “လည်လွန်းတဲ့ဘီး ချီးသင့်” ဆိုတဲ့အတိုင်းပါဘဲ။ ဒီကောင် အလည်လွန်ပြီး မထိအပ် မစော်ကားအပ်တဲ့ မြန်မာတွေ အင်မတန်တန်ဖိုးထားတဲ့ ရွှေတိဂုံစေတီကြီးမှာမှ သွားလုပ်မိလေတော့ သူ့အတွက် ကောင်းသော ကျော်ဇောခြင်း ဆိုတာထက် ဆိုးသော ဂယက်ထခြင်းက သူ့ကို ပိုဖိစီးသွားတာလို့ဘဲ ယူဆမိပါတယ်။ အဲ့အရုပ်တွေကို ရွှေတိဂုံကို မသယ်သွားဘဲ သူ့အိမ်မှာဘဲထားမယ်ဆိုရင်တောင် ခုလို ပြဿနာတက်မယ် မထင်မိပါဘူး။
နိဂုံးချုပ်ရရင် သူက လည်ကလည်း အတော်လည် အရင်ကလည်း လိမ်ထားဖူးတော့ လူမုန်းကများ သူ့ကိုယ်သူကလည်း တအားအထင်ကြီးပြီး နာမည်ကလည်း ပိုပိုကြီးချင် မကောင်းသောအကြံနဲ့ မထိအပ်မတို့အပ်တဲ့ ရွှေတိဂုံ ဘုရားပုရဝုဏ်မှာ ပေါက်ကရက သွားလုပ် စသဖြင့် အကြောင်းပေါင်းစုံတော့ ခုလိုဖြစ်သွားတယ်လို့ဘဲ ထင်မိပါတယ်ဗျ။
ဒါတောင် သူက ဒဂုံ ရဲစခန်းမှာ စွဲချက်တင်ချိန် ဒီလို ပြောသွားပါသေးသတဲ့..
“၀ တစ်လုံးကို ဖျက်ရင် နှစ်လုံး ဖြစ်မယ်၊ ဆီလီ ကွန္တိသူရဿတီ မယ်တော် တစ်ရုပ်ကို ဖျက်ပစ်ရင် နှစ်ရုပ် ဖြစ်မယ်။ သူ ယုံကြည်ရာအတွက် အဘဆရာကြီး ပထမံ ဘိုးဘိုးအောင်လို အသေခံဝံ့တယ်” လို့ ဒဂုံ ရဲစခန်းတွင် စွဲချက်တင်ချိန်တွင် ပထမံသိဒ္ဓိ မိန်းမလှဒေဝီ အထက် ဂိုဏ်းချုပ်ကြီး ဘိုးတော်ရှိုင်းက ပြောကြားလိုက်သည်ဟု သိရသည်။
စွဲချက်တင်ချိန်တွင် သူ၏ နောက်လိုက်များကို မကြောက်ကြရန်နှင့် ပထမံ ထွက်ရပ်ဂိုဏ်းသားများ အပါအဝင် အဘ ဘိုးဘိုးအောင် နှင့် အဘ ဘိုးမင်းခေါင် တို့က ကယ်တင်လိမ့်မည်ဟု အားပေး ပြောကြားသည် ဟု သိရသည်။
Crd
Zawgyi
ဒီကောင့်ကို ကျနော်က ခုမှ ပေါ်ပင်ထပြီး သိတာမဟုတ် ဟိုးးးး 2019 လောက်ထဲက ဒီကောင့်ရဲ့ ကလိန်ကျစ်လုပ်ကွက်တွေ မြင်ပြီး သတိထားခဲ့မိတာ ကြာလှပေါ့။ အဲ့တုန်းကတော့ ခုလို ဆံဖြူ ဝတ်ဖြူစင်ကြယ်နဲ့ မဟုတ်။ ဆံပင်အနက်ကို အရှည်ထား ကြိုးစည်းပြီး ယောဂီရောင် အဝတ်များတယ်ဆိုပါတော့။
ဒီကောင်က အတော်ပါးနပ်သလို လူတွေကလည်း ယုံလွယ်ကြတယ်လေ။ အဲ့တော့ အဟောအပြောလေးနဲ့ လုပ်စားတာပေါ့ဗျာ။ ကျနော်ကလည်း စပ်စုတတ်တော့ ဒီကောင့် post တွေကို တမင် follow လုပ်ထားပြီး ဒီကောင် ဘာတွေကြံနေ လုပ်နေသလဲ ဆိုတာ လိုက်ကြည့်မိတယ်ဗျ။