ဖခင်မှ အလုပ်ကိစ္စဖြင့် သမီးနှစ်ဦးကို အိမ်မှာ ထားပြီး ခရီးထွက်သွားရာ အိမ်ပြန်လာစဉ် သမီးငယ်မှ ငိုနေသဖြင့် မေးမြန်းရာမှ… See more
ဖခင် ဖြစ်သူ ဦးတင့်က လွန်ခဲ့သောခုနစ် ရက်၊ ရှစ်ရက်ခန့် နံနက် ၁ဝ နာရီ တွင် စပါးအရောင် းအဝ ယ်ကိစ္စနဲ့ ဘိုကလေးမြို့နယ်ဘက်သို့ထွက်ခွာ သွားရာမှ ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်သို့ပြန် ရောက်လာစဉ်
သမီးဖြစ်သူ မ–အော့အန်ပြီး ကိုယ်ဝန်ရှိနေသဖြင့် သမီးဖြစ်သူ မ—-အား မေးမြန်း ကြည့်ရာ လွန် ခဲ့သော လေးလခန့် က ည ၇ နာရီတွင် နေအိမ်၏ အနောက်ဘက် ဗျိုက်တောထဲသို့ တစ်ဦးတည်းကဏန်းထောင်ထွက် စဉ် တစ်ရွာတည်းနေ မြတ်ပိုင်စိုး (၃၃နှစ်) (အိမ်ထောင်ရှိသူ)မှ
ရောက်ရှိလာပြီး လက်အားဆွဲ သဖြင့် ရုံးကန်လိုက်စဉ် ချော်လဲ သွားရာ မြတ်ပိုင်စိုးက အတင်းလုံး ထွေး၍၄င်းအား သားမယားအဖြစ် တစ်ကြိမ် ပြု ကျင့်ခဲ့ကြောင်း၊ မိဘ တွေပြန်ပြောရင် သတ်ပြစ်မည်ဟု ခြိမ်းခြောက်သဖြင့် ပြန်လည် တိုင်တန်းခြင်းမရှိခဲ့ကြောင်း၊
၄င်း နောက် မ—-သည် အိမ်နောက် ဗျိုက်တောအတွ င်း ကဏန်းထောင် ထွက်စဉ်အခါတိုင်း အကြိ မ်ကြိမ် အခါခါ ၄င်းအလိုမတူဘဲ သား မယားပြုကျင့်ခဲ့သူ မြတ်ပိုင်စိုးအား
ဥပဒေအရအရေးယူပေးပါရန် ပြော ဆိုတိုင်တန်းခဲ့ကြောင်း သိရသည်။ဒေါ်ညိမ်း နယ်မြေရဲစခန်းမှ အမှုဖွင့်၍ တရားခံမြတ်ပိုင်စိုးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိ ရသည်။
ကျော်စိုးမိုး