မိခင်ဖြစ်သူ အဖော်အချွတ် ဓါတ်ပုံရိုက်ကူးနေစဉ် ၂ နှစ်အရွယ်သားငယ် ရေကူးကန်းအတွင်း ရေနစ် သေဆုံးခဲ့ရ

မိခင်ဖြစ်သူ အဖော်အချွတ် ဓါတ်ပုံရိုက်ကူးနေစဉ် ၂ နှစ်အရွယ်သားငယ် ရေကူးကန်းအတွင်း ရေနစ် သေဆုံးခဲ့ရ

“ကျနော် အလုပ်လုပ်နေတုန်းမှာ ရေကန်ထဲက အသံကြားလိုက်ပြီး ကျနော့် သားလေး ရေကန်ထဲကျနေတာကို မြင်လိုက်ရပါတယ်၊ သူ ရေမွန်းနေခဲ့တာပါ၊ ဒါကြောင့် ကျနော် ရေထဲခုန်ချပြီး ကူညီဖို့လုပ်ပေမယ့် အရမ်းနောက်ကျသွားခဲ့ပါတယ်” လို့ ဖခင်ဖြစ်သူ ပွန်ဂရစ်က ကြေကွဲစွာ ပြောဆိုခဲ့ပါတယ်။

ကလေးကို ရှေးဦးသူနာပြုမှုတွေလုပ်ခဲ့ပေမယ့် သတိပြန်လည် မလာခဲ့ဘဲ ဆေးရုံကို ခေါ်သွားရာမှာ ကလေး သေဆုံးသွားပြီဖြစ်တယ်လို့ ဆေးရုံက ပြောဆိုခဲ့ပါတယ်။

မတော်တဆဖြစ်ရပ်အပြီးမှာ “ကျမ မခံစားနိုင်တော့ဘူး၊ အသက်မရှင်ချင်တော့ဘူး” လို့ ဝီယာဒါက သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ယူကြုံးမရစွာ ရေးသားခဲ့ပါတယ်။

ကလေးရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ Yahoo News Australia က ရေးသားပါတယ်။

ကယ်ဆယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မိဘတွေအနေနဲ့ ရေကူးကန်တွေကို သွားတဲ့အခါမျိုးမှာ သူတို့ရဲ့ ကလေးတွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြဖို့ အကြံပေးခဲ့ပါတယ်။

ဝီယာဒါ ရေးသားခဲ့တဲ့ ဖေ့စ်ဘုတ်ပို့စ် တစ်ခုလိုပဲ အခြား မိဘတွေလည်း သူတို့အမှားအတွက် ဒီလိုပို့စ်မျိုး ထပ်မရေးကြရပါစေနဲ့လို့ ဆန္ဒပြုလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *