ပတ်ဝန်းကျင်မှအပုပ်နံ့ရ၍သတင်းပေးသဖြင့်အခန်းဖွင့်ဝင်ရာမှအမျိုးသမီးတစ်ဦး သေဆုံးလျှက်တွေ့ရှိ
သေဆုံးသူ အမျိုးသမီးမှာ ဒေါ်နန်းအွေ့ အသက် ၅၅နှစ်ဟု သိရကာ ယင်းအိမ်တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး အလုပ်သမားများမှာ ၃ ရက်ကြာတခါ သန့်ရှင်းရေး လာလုပ်ပေးကြောင်းလည်း သိရှိရသည်။
“သူ့ကိုတွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွနေပါပြီ၊ သေဆုံးခဲ့တာလည်း သုံး၊လေး ရက်လောက်ရှိပြီလို့ ခန့်မှန်းရပါတယ်။ အဲ့တာကြောင့် သက်ဆိုင်ရာကတာဝန်ရှိသူတွေနဲ့ အသင်းနဲ့ပူးပေါင်းပြီး အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ဖို့ တာချီလိတ် ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်” ဟု ဦးလှမိုး တာချီလိတ် နာရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက YMG ကိုပြောခဲ့သည်။
ဖြစ်စဥ်မှာ ပတ်ဝန်းကျင်မှ အနံ့ရသဖြင့် ရပ်ကျေးမှ တာဝန်ရှိသူအား ဆက်သွယ်လာရာ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူအား ကနဦးအနေနှင့် သေမှုသေခင်း အမှုဖွင့်၍ ဆောင်ရွက်ထားကြောင်းလည်း သိရှိရသည်။
Zawgyi