အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မြစ်ကူးကြိုးတံတားတစင်း ပြတ်ကျခဲ့ရာမှ လူပေါင်း ရာနှင့်ချီ ရေထဲသို့ ပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၆၀ ခန့် အသက်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ မော်ဘီမြို့က မက်ချူး မြစ်ပေါ်ရှိ အဆိုပါကြိုးတံတား ပြတ်ကျချိန်၌ တံတားပေါ်တွင် လူပေါင်း ၁၅၀ ကျော်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ရုပ်သံမှတ်တမ်းများအရ အရေးပေါ်အဖွဲ့များက ၎င်းတို့အား ကယ်ဆယ်ရန် ကြိုးပမ်းနေချိန်တွင် ပြိုကျနေသော တံတား၏ ကြိုးများနဲ့ အပျက်အစီးများပေါ်မှာ လူဒါဇင်ပေါင်း များစွာ တွယ်ကပ်နေတာကို တွေ့ရပါတယ်။ တချို့က တံတားအပျက်အစီးပေါ်မှ တဆင့် မြစ်ကမ်းပါးပေါ်သို့ ထွက်ပြေးခဲ့ကြပြီး တချို့ကတော့ ရေကူးသွားခဲ့တာကို တွေ့ရပါတယ်။
“သေဆုံးသူ ခြောက်ဆယ်ကို အခုအချိန်အထိ အတည်ပြုပြီးပါပြီ” ဟု ပြည်နယ်လွှတ်တော်အမတ်က ပြောကြားခဲ့ပါတယ်။ လူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
ဒီပါဝလီ ပွဲတော်ရာသီမှာ အဆိုပါဟောင်းနွမ်းနေတဲ့ ကြိုးတံတားပေါ်သို့ လူအများအပြား ရောက်ရှိခဲ့စဉ်မှာ အခုလိုမျိုး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၁၅၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့ ဟောလိုဝင်း ပွဲတော်အပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ နောက်ထပ် လူအများအပြား အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ် တခုပဲ ဖြစ်ပါတယ်။
ကိုဗစ်ကာလ လွန်မြောက်လာပြီးနောက် လူအများအပြား စုဝေးလို့ ရတဲ့ ပွဲတော်တွေကို ခွင့်ပြုလိုက်ပြီးတဲ့နောက်မှာ ယခုလို ဝမ်းနည်းစရာ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
Crd Bkr
Zawgyi
အိႏၵိယႏိုင္ငံ အေနာက္ပိုင္း ဂူဂ်ာရတ္ျပည္နယ္တြင္ ျမစ္ကူးႀကိဳးတံတားတစင္း ျပတ္က်ခဲ့ရာမွ လူေပါင္း ရာႏွင့္ခ်ီ ေရထဲသို႔ ျပဳတ္က်ခဲ့ၿပီး အနည္းဆုံး လူ ၆၀ ခန႔္ အသက္ဆုံးရႈံးခဲ့တယ္လို႔ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။ ေမာ္ဘီၿမိဳ႕က မက္ခ်ဴး ျမစ္ေပၚရွိ အဆိုပါႀကိဳးတံတား ျပတ္က်ခ်ိန္၌ တံတားေပၚတြင္ လူေပါင္း ၁၅၀ ေက်ာ္ရွိေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။
႐ုပ္သံမွတ္တမ္းမ်ားအရ အေရးေပၚအဖြဲ႕မ်ားက ၎တို႔အား ကယ္ဆယ္ရန္ ႀကိဳးပမ္းေနခ်ိန္တြင္ ၿပိဳက်ေနေသာ တံတား၏ ႀကိဳးမ်ားနဲ႔ အပ်က္အစီးမ်ားေပၚမွာ လူဒါဇင္ေပါင္း မ်ားစြာ တြယ္ကပ္ေနတာကို ေတြ႕ရပါတယ္။ တခ်ိဳ႕က တံတားအပ်က္အစီးေပၚမွ တဆင့္ ျမစ္ကမ္းပါးေပၚသို႔ ထြက္ေျပးခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ ေရကူးသြားခဲ့တာကို ေတြ႕ရပါတယ္။
“ေသဆုံးသူ ေျခာက္ဆယ္ကို အခုအခ်ိန္အထိ အတည္ျပဳၿပီးပါၿပီ” ဟု ျပည္နယ္လႊတ္ေတာ္အမတ္က ေျပာၾကားခဲ့ပါတယ္။ လူ ၃၀ ထက္မနည္း ဒဏ္ရာရခဲ့တယ္လို႔လည္း သိရပါတယ္။
ဒီပါဝလီ ပြဲေတာ္ရာသီမွာ အဆိုပါေဟာင္းႏြမ္းေနတဲ့ ႀကိဳးတံတားေပၚသို႔ လူအမ်ားအျပား ေရာက္ရွိခဲ့စဥ္မွာ အခုလိုမ်ိဳး ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ လူေပါင္း ၁၅၀ ေက်ာ္ အသက္ဆုံးရႈံးခဲ့တဲ့ ေဟာလိုဝင္း ပြဲေတာ္အၿပီး ၂၄ နာရီ မျပည့္ခင္မွာပဲ ေနာက္ထပ္ လူအမ်ားအျပား အသက္ဆုံးရႈံးရတဲ့ ျဖစ္ရပ္ တခုပဲ ျဖစ္ပါတယ္။
ကိုဗစ္ကာလ လြန္ေျမာက္လာၿပီးေနာက္ လူအမ်ားအျပား စုေဝးလို႔ ရတဲ့ ပြဲေတာ္ေတြကို ခြင့္ျပဳလိုက္ၿပီးတဲ့ေနာက္မွာ ယခုလို ဝမ္းနည္းစရာ ျဖစ္ရပ္ေတြ ေပၚေပါက္လာတာပဲ ျဖစ္ပါတယ္။