2နှစ်ခွဲအရွယ်မိန်းကလေးငယ်ကို တစ်ရွာထဲနေသူမှ မအော်နိုင်အောင် ပါးစပ်ထဲငှက်ပျောသီးမှည့်ထိုးထည့်ကာ ပြုကျင့် ……Seemore

2နှစ်ခွဲအရွယ်မိန်းကလေးငယ်ကို တစ်ရွာထဲနေသူမှ မအော်နိုင်အောင် ပါးစပ်ထဲငှက်ပျောသီးမှည့်ထိုးထည့်ကာ ပြုကျင့် ……Seemore

မိဘ များက ကလေးငယ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ ကလေးနှင့်အတူ ဖြိုးထက်အောင်ကို တွေ့ရှိခဲ့ပြီး ကလေးတွင် နှုတ်ခမ်းများပြာနှမ်းနေပြီး ခေါ်လို့မရသဖြင့် မြို့နယ်ဆေးရုံ သို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့သည်။ သေဆုံးသူကလေးငယ်၏ပါးစပ်အတွင်းမှ ငှက်ပျောသီးမှည့်များ တွေ့ရှိခဲ့ပြီး မုဒိမ်းမှုကျူးလွန်ထားသည့် လက္ခဏာများတွေ့ရှိသဖြင့် လူသတ်မုဒိန်းမှု ကျူးလွန်ခဲ့တဲ့ ဖြိုးထက်အောင် ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ) ၂၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ အရ အမှုဖွင့်အရေးပြင်ဦးလွင်ခရိုင်တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့သည်။

မတ်လ ၁၂ ရက်တွင် အမှုကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ဆယ်ရက်အတွင်း ရုံးချိန်း ငါးချိန်းဖြင့် သက်သေ ၂၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် ယနေ့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်ကို မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်တွင် မြို့နယ်လုံးကျွတ်နီးပါး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မုဒိန်းကောင်ကို သေဒဏ်ပေးရေးကိုအဓိက တောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးသန်းလွင် ကပြောသည်။

ဖြိုးထက်အောင်ကိုသေဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂(၁)(ဂ) ဖြင့် စွဲချက်တင်ခဲ့ပြီး ပြည်ဦးလွင် ခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမိန့်ချမှတ်မှုပေါ် ဖခင်ဖြစ်သူက ကျေနပ်ကြောင်း ရုံးချိန်းအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြောကြားခဲ့သည်။

” ဒီနေ့ဟာ သက်ငယ်မုဒိမ်းမှုတွေအတွက် စံပြနေ့ဖြစ်ပါတယ်။ မတ္တရာ မြို့နယ်တွင်ဖြစ်ပွားခဲ့သော ၂ နှစ်သမီးမုဒိမ်းမှုတရားခံအားမသေမချင်းကြိုးကွင်းစွပ်သတ်စေဟု အမိန့်ချမှတ်ပါတယ်” ဟု အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေဦးဝေဖြိုးမောင်မောင် ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *