တိုကျိုမြို့လယ်တွင် လူအုပ်ကြီးက ဟော်လိုဝင် ပွဲ ဆင်နွှဲနေကြရာ ရဲများက အမိန့်များလေးစားလိုက်နာကြရန် ဆက်တိုက် အော်ဟစ်သတိပေးနေရ
ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲတော်လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော်သေဆုံးခဲ့ရပြီးနောက် တိုကျိုမြို့လယ် ရှီဘူယာမှာ အောက်တိုဘာ ၃၁ ရက် ယနေ့ညက ဟော်လိုဝင်လူအုပ်ကြီးကို ရဲက ထိန်းသိမ်းပေးနေကြရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါတွေကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ပထမဆုံးဟော်လိုဝင်ပွဲတော်ကို ဂျပန်နိုင်ငံမြို့တော်မှာ ပြန်လည်ကျင်းပခဲ့ရာမှာ လုံခြုံရေးတွေ တင်းကြပ်စွာနှင့် လူအုပ်ကိုထိန်းနေကြတာဖြစ်ပါတယ်။
တိုကျို ရဲတွေက လူတွေကို အမိန့်တွေ လေးစားလိုက်နာကြဖို့ အော်ဟစ်ပြောဆိုနေကြပါတယ်။
ရှီဘူယာဘူတာရုံရှေ့မှာ လူတွေဟာ ပြည့်ကျပ်နေတာကို တွေ့ကြရပါတယ်။
လူငယ်တွေဟာ ဟော်လိုဝင် အဝတ်အစားတွေနှင့် လမ်းပေါ်မှာ ပျော်ရွှင်နေကြချိန်မှာ ရဲတွေက စည်းကမ်းတကျရှိကြဖို့ ထပ်ခါတလဲလဲ အော်ဟစ်သတိပေးနေကြရပါတယ်။
ပြီးခဲ့တဲ့ စနေညက တောင်ကိုးရီးယာနိုင်ငံ ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲ လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော် သေဆုံးခဲ့ရပြီး အများစုမှာ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတွေဖြစ်ကြပါတယ်။
VDO-