ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင်နေထိုင်သော ချင်းအမျိုးသမီး အသတ်ခံရ တရားခံမှာ အခန်းဖော်သူငယ်ချင်း ၏ရည်းစားဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင်နေထိုင်သော ချင်းအမျိုးသမီး အသတ်ခံရ တရားခံမှာ အခန်းဖော်သူငယ်ချင်း ၏ရည်းစားဖြစ်နေ

နောက်ဆက်တွဲသတင်းများအရ လူသတ်မှုကျူးလွန်သူတရားခံကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားပြီးတရားခံသည် အသက် ၂၈ နှစ်ခန့် ရှိသူဖြစ်ကာ မိုင်အေးအေးသိန်း၏ အခန်းဖော် သူငယ်ချင်းမိန်းကလေး၏ ရည်းစားဟုသိရပါသည်။

Source – CumtuChin Society


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင်နေထိုင်သောအမျိုးသမီးတစ်ဦးးအသတ်ခံရကြောင်း သိရပါသည်။ ထိုအမျိုးသမီးမှာ မိုင်အေးအေးသိန်း(ဇာတိ ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးအုပ်စု ၊ရူးချင်းကျေးရွာ) ဖြစ်ပြီး (၂၃.၄.၂၀၂၀) ရက်၊ နေ့လယ်(၂)နာရီခန့်ကသူမ၏ နေအိမ်အခန်းတွင် ရုတ်တရက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်းသိရပါသည်။

(23.4. 2020) ရက်နေ့၊ နေ့လည် 2 :00 pm အချိန်ခန့်တွင် အဆောင်တူနေသောသူငယ်ချင်းအမျိုးသမီး အလုပ်မှ ပြန်ရောက်သောအခါ ဦးခေါင်းညိုမဲဒူးခေါင်း ပွန်းပဲ့ဒဏ်ရာများဖြင့်သေဆုံးနေသောမအေးအေးသိန်း ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည်။အမှုဖြစ်စဉ်ကို ဗဟန်း ရဲစခန်းသို့အကြောင်းကြားပြီးဗဟန်းမြို့မရဲစခန်း နှင့် ရန်ကုန် ဆေးရုံကြီးမှုးခင်းဆရာဝန်ကြီး တို့မှပူးတွဲ့ဆောင်ရွက်ခဲ့ပြီး (မိုင်အေးအေးသိန်း) ရုပ်အလောင်းအား မိသားစုများ၏ သဘောထားအတိုင်း သူမ၏ ဇာတိကျေးရွာသို့ ပို့ဆောင်ပေးခဲ့ပါသည်။Cumtu Chin Society, Yangon-CCS


Leave a Reply

Your email address will not be published. Required fields are marked *