လူငယ်3ယောက်မှ မိခင်ဖြစ်သူနဲ့ 13နှစ်သမီးအား ပျော်ပါးဖို့ခေါ်သွားရင်း ပိုက်ဆံမပေးချင်၍ မိခင်အားအဓမ္မပြုကျင့်သတ်ဖြတ်ပြီး သမီးအား …. Seemore
လူသတ်မှုဖြစ်ပွားခဲ့ရသည့်အခြေအနေနှင့်ပတ်သက်ပြီး “ဖြစ်တာကတော့ ဒီသားအမိနှစ်ယောက်ကို သူတို့က ပျော်ပါးဖို့ခေါ်တာဗျ၊ပျော်ပါးဖို့ခေါ်ပြီးတဲ့အခါကျတော့ ငွေရေးကြေးရေးတောင်းတဲ့အခါကျတော့ ပျော်ပါတဲ့ကောင်တွေက မပေးချင်ဘူး၊ မပေးချင်တော ့စကားများကြတာပေါ့ စကားများကြတော့ သူတို့သားအမိနှစ်ယောက်ကို တစ်ယောက်တစ်နေရာစီခွဲပြီးတော့မှ ခေါင်းဆောင်လုပ်တဲ့မောင်ညှက်ဆိုတဲ့ ကောင်က ဓါးပါလာတာကိုး ဓါးနဲ့သူက သတ်လိုက်တာ တစ်ယောက်ကိုသတ်လိုက်တော့ မထူးဘူးဆိုပြီးတော့ ကျန်တဲ့သူ့သမီးကိုလည်း အစဖျောက်ဖို့ ကြိုးစားတာပေါ့၊ အဲ့မှာ ကျန်တဲ့ နှစ်ကောင်နဲ့ပေါင်းပြီးတော့ လည်ပင်းညှစ်တာတို့ဘာတို့လုပ်တော့တာပေါ့၊ အဲ့ဒီအချိန်မှာအဲ့ဒီကလေးမလေးကလည်း သတိလစ်ပြီးတော့ သေပြီထင်ပြီးတော့သူတို့ကထွက်ပြေးကြတာပေါ့” ဟု စခန်းမှူးက ဆက်လက်ပြောကြားသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် အုတ်တွင်းမြို့ဈေးရပ်ကွက်နေ မ ……၄၄ နှစ်နှင့်သမီးဖြစ်သူ မ—– ၁၃ နှစ်ခန့်တို့ နှစ်ဦးသည် တောင်ငူမြို့နယ်ခပေါင်း တံတားအနီးတွင်ရှိနေစဉ်ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားတစ်ဦးမှ အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုပေါက်တောရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာတောထဲရှိ တိုက်ပျက်ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊တိုက်ပျက်ကြီး အတွင်း၌ အမည်မသိအမျိုးသားနှစ်ဦးလည်းရှိနေပြီး အမျိုးသား ၃ ဦးနှင့်အတူ သားမယားအဖြစ်နေထိုင်ခဲ့ကြကြောင်း၊ဇူလိုင် ၁၄ ရက် နံနက် ၄ နာရီအချိန်ခန့်တွင်တိုက်အပြင်ဘက်မှ မိခင်ဖြစ်သူအော်သံကြားသဖြင့် မ—က ပြန်တော့မယ်အမေရောဟုမေးမြန်းရာ နင့်အမေ အိမ်သာသွားတက်တယ် ဟုပြောပြီး အမျိုးသားနှစ်ဦးမှ နင့်အမေဆီခေါ်သွားမယ်လိုက်ခဲ့ဟုပြောပြီး တိုက်အပြင်ဘက်သို့အရောက်တွင်သမီးဖြစ်သူမ—–၏ လည်ပင်းအား ပုဆိုးစဖြင့်ချည်နှောင်ကာ ပါးရိုက်နားရင်းအုပ် ရိုက်နှက်ရာမှ မ—မှ သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း အုတ်တွင်းမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။
ဇူလိုင်၁၄ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် အုတ်တွင်းမြို့နယ်ပေါက်ကုန်းကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာတွင်အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်းသတင်းအရ အုတ်တွင်းမြို့မရဲစခန်းမှအခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေးရာတွင် မ ……မှာ လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာပေါင်ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိကာသေဆုံးနေပြီး သမီးဖြစ်သူ မ—– မှာ ပါးစပ်ဖူးယောင်ဒဏ်ရာ၊ ဝဲ/ယာ ပါးနာကျင်ဒဏ်ရာ၊ ၊ခေါင်းမူးဝေဒနာရရှိသည့်အခြေအနေတို့ဖြင့် တွေ့ရှိသဖြင့်အုတ်တွင်းမြို့မရဲစခန်းမှ(ပ)၆၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ၃၀၂/၃၂၅ တို့ဖြင့် ကနဦးအမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း၊ လတ်တလောတွင်ဖမ်းဆီးရမိသော ပြစ်မှုကျူးလွန်သူ ၃ ဦးအား အသေးစိတ်ထပ်မံစစ်ဆေးလျှက်ရှိပြီး ဆေးစာမှတ်တမ်းအဖြေရရှိလာပါက ကနဦးအမှုဖွင့်ထားသည့် ပုဒ်မအား ပြင်ဆင်ရန်ရှိကြောင်းအုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။
Zawgyi
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် ဇူလိုင် ၁၄ ရက် နံနက်အစောပိုင်းက မိခင်ဖြစ်သူအား သတ်ပြီး ၁၃ နှစ်အရွယ် သမီးဖြစ်သူအား ရိုက်နှက်ကာ အဓမ္မ ပြုကျင့်မှု ကျူးလွန်သူ လူငယ်သုံးဦးအား ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း အုတ်တွင်းမြို့မရဲစခန်းမှသိရသည်။
ဖမ်းဆီးရမိသည့်အခြေအနေနှင့်ပတ်သက်ပြီး အုတ်တွင်းမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ကြည်က“ ကျွန်တော်စတွေ့တော့ သားအမိနှစ်ယောက်က အမေကတော့ ဆုံးနေပြီပေါ့ဗျာ သမီးကတော့သတိလစ်နေတာပေါ့၊ သတိလစ်နေတဲ့ကလေးမလေးကလည်း အသက်ကငယ်ပြီးတော့ ဘာမှလည်းမပြောနိုင်သေးတဲ့အခါကျတော့ မေးဖို့မြန်းဖို့ကျတော့ အခက်အခဲတွေဖြစ်ပြီးတော့ ကွင်းဆက်တွေကပြတ်နေတာပေါ့ဗျာ၊ အဲ့ဒါနဲ့ဒီကလေးမလေး ကျန်းမာအောင်အချိန်ယူစောင့်ပြီး သေချာချော့မော့ပြီးမေးတော့မှ နာမည်လေးတစ်လုံးရတာပေါ့ဗျာ မောင်ညှက်ဆိုတဲ့ နာမည်တစ်လုံးပေါ့နော်အဲ့ဒီနာမည်လေးတစ်လုံးကို အခြေပြုပြီးတော့မှ လိုက်စုံစမ်းရတာပေါ့၊ရှာဖွေရင်းနဲ့ နှစ်ယောက်ကတော့ အထက်တောင်ပေါ်သွားတဲ့လမ်းပေါ့ တောက်တဲ့ရွာကဖြစ်နေတယ် အဲ့ဒီမောင်ညှက်ကတော့အောက်ပိုင်းက အမြန်လမ်းဘက်က ဖြစ်နေတယ်၊ အဲ့ဒါသူတို့ကလည်းရှောင်နေကြတော့ ဟိုမမိ ဒီမမိနဲ့ပေါ့ကျွန်တော်တို့လည်း သေချာစာင့်ပြီး လိုက်ဖမ်းတော့မှ နှစ်ယောက်ကတော့ မနေ့က ဉာဥ့်နက်ပိုင်းမှာ မိတာပေါ့၊ကျန်တဲ့တစ်ယောက်ကတော့ ဒီနေ့မနက်မှဖမ်းမိတာ သုံးယောက်လုံးဖမ်းမိထားတာပေါ့” ဟုပြောကြားသည်။