အိပ်ပျော်နေစဉ် (၁ဝ)မိနစ် ပြုကျင့် ခံရပြီးမှ မျက်လုံးဖွင့်ကြည့်တော့ ခင်ပွန်းသည်မဟုတ်ပဲ အကိုနှစ်ဝမ်းကွဲ တော်သူဖြစ်နေ ( သွေးသားချင်းလည်း စိတ်မချရ )

အိပ်ပျော်နေစဉ် (၁ဝ)မိနစ် ပြုကျင့် ခံရပြီးမှ မျက်လုံးဖွင့်ကြည့်တော့ ခင်ပွန်းသည်မဟုတ်ပဲ အကိုနှစ်ဝမ်းကွဲ တော်သူဖြစ်နေ ( သွေးသားချင်းလည်း စိတ်မချရ )


Unicode

ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်တံခါးမြို့နယ် ဂုံမင်းကွင်းကျေးရွာ အုပ်စု ဘာလဂိုလ်ပင်ကျေးရွာ တွင်ည(၉းဝဝ)နာရီအချိန်ခန့်က မ—–(၃၀)နှစ်သည်အတူနေသားသ္မီးငယ်(၃)ဦးနှင့်အတူ နေအိမ်၏ခေါင်းရင်းဘက်ခြမ်းတွင် အိပ်ယာဝင်ခဲ့ပြီး အတူနေခင်ပွန်းဖြစ်သူမှာ နေအိမ်၏ခြေရင်းဘက် အပေါက်ဝအနီးတွင်အသီးသီးအိပ်ယာဝင်ခဲ့ရာမှ ည (၁၂ )နာရီအချိန်ခန့်တွင်မ—–မှာအိပ်ပျော်နေစဉ် လူတစ်ဦးမှ ပတ်လက်စွဲလှန်လိုက်သဖြစ်

မ—–မှာလန့်နိုးလာသော်လည်း ခင်ပွန်းဖြစ်သူဟု ထင်မှတ်၍ မျက်လုံးအားဖွင့်မကြည့်ဘဲ နေခဲ့ရာမှအဆိုပါလူမှာ မ——-အား(၁၀)မိနှစ်ခန့် သားမယားပြုကျင့်ခဲ့ပြီး မ—–မှ မျက်လုံးအား ဖွင့်ကြည့် လိုက်ရာတရွာတည်းနေ အကိုနှစ်ဝမ်းကွဲတော်စပ်သူ ဝင်းသိန်းထွန်း(၄၀)နှစ်(ဘ)ဦးညွန့်မောင် ဖြစ်ကြောင်း နေအိမ်တံခါးပေါက် မီးအလင်းရောင်ကြောင့်တွေ့မြင် ခဲ့ရပြီး

မ——မှ ဝင်းသိန်းထွန်းအား စောင့်တွန်းပြီးအော်ဟစ် အကူညီတောင်းရာ အိမ်နီးနားချင်းများရောက်ရှိလာ၍ ဝင်းသိန်းထွန်းအား ဝိုင်းဝန်ဖမ်းစီးခဲ့ကြပြီးမ—-မှ၎င်းအား ခင်ပွန်းဖြစ်သူ အယောင်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သွားသူဝင်းသိန်းထွန်းအား ဥပဒေအရ အရေးယူပေးပါရန် တိုင်းတန်းလာသဖြင့် ကျောက်တံခါးမြို့မရဲစခန်း (ပ)၁၅၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ -၃၇၆အရစခန်းမှူး ဒုရဲမှူးပြေငြိမ်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *