ဆေးပညာနဲ့ ခုနှစ်ရက်သားသမီးတွေကို ပါရမီဖြည့်နေတဲ့ မင်းသားတစ်ဖြစ်လဲ ဆရာ ထူးခန့်ကျော် ရဲ့ မွေးနေ့

ဆေးပညာနဲ့ ခုနှစ်ရက်သားသမီးတွေကို ပါရမီဖြည့်နေတဲ့ မင်းသားတစ်ဖြစ်လဲ ဆရာ ထူးခန့်ကျော် ရဲ့ မွေးနေ့

ပရိသတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။

အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။

ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသဖို့အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။



ထူးခန့်ကျော် ကတော့ လက်ရှိမှာထုတ်လွှင့်နေတဲ့ ဝိပါကဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်‌ဆောင်ထားပြီး ပရိသတ်အားပေးမှု့ကို ရရှိထားပါတယ်။

ဝိပါကဇာတ်လမ်းတွဲ ဟာ ပြီးဆုံးသွားပေမယ့်လဲ ပရိသတ်တွေကြား အတော်လေးစွဲမက်ထင်ကျန်ရစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလဲ ဖြစ်ခဲ့ပါတယ်။

ဒီကနေ့တော့ ပရိသတ်အချစ်တော်ကြီး ထူးခန့်ကျော် ရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်၊သူ့ရဲ့မွေးနေ့အလှူအဖြစ် ထောပတ်ထမင်းနဲ့ဒါနပြုခဲ့ပါတယ်။

“အမျိုးအပေါင်းသူတော်ကောင်းတို့ခင်ဗျာ တနင်္ဂနွေနေ့သည်ကျွန်တော်၏မွေးနေ့ဖြစ်တဲ့အတွက် အားလုံးသောအမျိုးများအားလုံးကိုဖိတ်ပါတယ်ခင်ဗျာ လာရောက်တဲ့အမျိုးများအားလုံးကို

တောင်ဒဂုံမြို့နေကိုသန့်ဇင်နှင့်ဇနီး မဒီဇင်ဘာကိုကိုတို့မှထောပတ်ထမင်းများဖြင့် လူအယောက်၁၅၀၀စာတည်ခင်းဧည့်ခံမှာဖြစ်ပါတယ် တန်ဆောင်တိုင်လပြည့်နေ့ တနင်္လာနေ့မှာတော့ပုလဲမြို့သစ်ဖျာပုံကျောင်း

တိုက်တွင် စုပေါင်းမဟာဘုံကထိန်အားအလှူတော်မင်္ဂလာပြုလုပ်မည်ဖြစ်ပါတယ်ခင်ဗျာ သို့ပါသောကြောင့်လာမည့်အပတ်၇-၈-၉ရက် ၃ရက်တိုင်တိုင်ဆေးကုသမှု့ခဏပိတ်မည်ဖြစ်ပါကြောင်းနှင့် ၁၀ရက်

၁၁လ၂၀၂၂ကြာသပတေးနေ့မှပြန်လည်ပါရမီဖြည့်ကုသပေးမည်ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်၏ပြုလုပ်သမျှသောကုသိုလ်အားလုံးတိုင်းဟာ၃၁ဘုံကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့၏ကော

င်းမှု့ကုသိုလ်များပင်ဖြစ်စေပြီး မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ”လို့ ထူးခန့်ကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ထူးခန့်ကျော် ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့အုန်းနော်။

Crd CeleOnly

ZAWGYI VERSION













Crd CeleOnly

Leave a Reply

Your email address will not be published. Required fields are marked *