မင်္ဂလာဒုံ ယခုည ယာဉ်တိုက်မှုတွင် စစ်-သား ၃ ဦး‌ေ-သဆုံးပြီး ရဲ ၆ ဦးဒဏ်ရာရ

မင်္ဂလာဒုံ ယခုည ယာဉ်တိုက်မှုတွင် စစ်-သား ၃ ဦး‌ေ-သဆုံးပြီး ရဲ ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနားတွင် ကားတိုက်မှုဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် လိုက်ထရပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများလည်း စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ကြောင်း သိရှိရသည်။
“အခုသတင်းတွေ တပ်နဲ့ရဲဘက်က လိုက်ဖုံးနေတယ်။ သေတာက စစ်သား ၃ ဦး၊ ပွဲချင်းပြီးတယ်။


အဲဒီမှာ ယာဉ်မောင်းက ကားထဲမှာ ညှပ်နေတာ။ ဒဏ်ရာရတာ ရဲတွေပဲ။ အားလုံး အရပ်ဝတ် တွေနဲ့ချည်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း၊ သို့ရာတွင် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ အတည်ပြုခြင်းမရှိဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ပရဟိတအသင်းတစ်ခုကမူ သေဆုံးသူ ၃ ဦးသည် စစ်သား များဖြစ်ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။

ဓာတ်ပုံ- ယနေ့ည မင်္ဂလာဒုံ၊ ကျိုက်ကလဲ့အနီးမှ ယာဉ်တိုက်မှုနှင့်ကယ်ဆယ်ရေးမြင်ကွင်း။

မဂၤလာဒုံ ယခုည ယာဥ္တိုက္မႈတြင္ စစ္-သား ၃ ဦး‌ေ-သဆုံးၿပီး ရဲ ၆ ဦးဒဏ္ရာရ

ရန္ကုန္၊ စက္တင္ဘာ ၂၅
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ဗဟိုႏိုင္ငံေရးအေက်ာ္ က်ိဳက္ကလဲ့အနားတြင္ ကားတိုက္မႈျဖစ္ပြားၿပီး စစ္သား ၃ ဦးေသဆုံးေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ စက္တင္ဘာလ ၂၅ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္အခ်ိန္ Hiject ကားႏွင့္ လိုက္ထရပ္ယာဥ္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ၾကၿပီး ယင္းယာဥ္တိုက္မႈတြင္ စစ္ သား ၃ ဦးေသဆုံးကာ ၆ ဦးဒဏ္ရာရရွိေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားလည္း စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ားျဖစ္ေၾကာင္း သိရွိရသည္။
“အခုသတင္းေတြ တပ္နဲ႔ရဲဘက္က လိုက္ဖုံးေနတယ္။ ေသတာက စစ္သား ၃ ဦး၊ ပြဲခ်င္းၿပီးတယ္။

အဲဒီမွာ ယာဥ္ေမာင္းက ကားထဲမွာ ညႇပ္ေနတာ။ ဒဏ္ရာရတာ ရဲေတြပဲ။ အားလုံး အရပ္ဝတ္ ေတြနဲ႔ခ်ည္းပဲ” ဟု ေဒသခံတစ္ဦးက ေျပာသည္။ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံ ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမးျမန္းရာ မဂၤလာဒုံ ယာဥ္တိုက္မႈတြင္ ၃ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာရရွိေၾကာင္း၊ သို႔ရာတြင္ တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားျဖစ္သည္ကိုမူ အတည္ျပဳျခင္းမရွိဘဲ မဂၤလာဒုံရဲတပ္ဖြဲ႕ကိုသာ ဆက္သြယ္ေမးျမန္းရန္ ေျပာဆိုသည္။

ရန္ကုန္အေျခစိုက္ ပရဟိတအသင္းတစ္ခုကမူ ေသဆုံးသူ ၃ ဦးသည္ စစ္သား မ်ားျဖစ္ေၾကာင္း အတည္ျပဳၿပီး ဒဏ္ရာရရွိသူမ်ားႏွင့္ပတ္သက္၍ စိစစ္ဆဲျဖစ္ သည္ဟုဆိုသည္။

ဓာတ္ပုံ- ယေန႔ည မဂၤလာဒုံ၊ က်ိဳက္ကလဲ့အနီးမွ ယာဥ္တိုက္မႈႏွင့္ကယ္ဆယ္ေရးျမင္ကြင္း။

One Comment on “မင်္ဂလာဒုံ ယခုည ယာဉ်တိုက်မှုတွင် စစ်-သား ၃ ဦး‌ေ-သဆုံးပြီး ရဲ ၆ ဦးဒဏ်ရာရ”

Leave a Reply

Your email address will not be published. Required fields are marked *