သားအရင်းက မွေးတဲ့ သမီး၊ မြေးအရင်းကို အဘိုးဖြစ်သူမှ ဘုန်းကြီးကျောင်း ဥပုတ်စောင့်သွားမည်ဟု လိမ်ခေါ်ကာ… See more

ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ခဲႀကီးေက်း႐ြာမွာ အဘိုးျဖစ္သူ အသက္ ၈၀ ေက်ာ္အ႐ြယ္အမ်ိဳးသားက အသက္ ၁၀ ႏွစ္အ႐ြယ္ ေျမးအရင္းျဖစ္သူ မိန္းကေလးကိုအဓမၼျပဳက်င့္မႈ ႏွစ္ႀကိမ္က်ဳးလြန္ခဲ့တယ္ဆိုၿပီး

မေန႔က လာေရာက္အမႈဖြင့္တိုင္ၾကားခဲ့တယ္လို႔ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးသိန္းစိုးဦးက ေျပာပါတယ္။

” သားက ေမြးတဲ့ ေျမးမေလးပါ။တစ္႐ြာတည္း အတူေနေပမယ့္ တစ္အိမ္ထဲအတူမေနၾကပါဘူး။ ၿပီးခဲ့တဲ့ တစ္လေလာက္က တစ္ႀကိမ္၊ အခုလ တစ္ႀကိမ္၊ႏွစ္ႀကိမ္က်ဳးလြန္ခဲ့ၿပီး၊ က်ဳးလြန္ခ်ိန္ ျမင္သူတစ္ဦးက‌ အသိလာေပးေတာမွ သိခဲ့ရတာပါ” လို႔ ဒုရဲမႉးသိန္းစိုးဦးက ေျပာပါတယ္။

ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ခဲ့ႀကီးေက်း႐ြာမွာေနတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးဟာ ယမန္မနက္ပိုင္းက ေနအိမ္မွာရွိ‌ေနခ်ိန္ ၁၀ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူကို တစ္႐ြာတည္းေန ေယာကၡမ ဦးနီ (၈၁ ႏွစ္)ဆိုသူက ေဗာဓိကုန္းဘုန္းႀကီးေက်ာင္းကို ဥပုတ္ေစာင့္သြားခ်ိန္အေဖာ္အျဖစ္ထည့္ေပးဖို႔ ေခၚေဆာင္ခဲ့တာျဖစ္ပါတယ္။

ေန႔လယ္ပိုင္းမွာေတာ့ ႐ြာထဲကအမ်ိဳးသားတစ္ဦးဟာ ေနအိမ္ကိုလာ‌ၿပီး အဲ့ဒီအမ်ိဳးသမီးရဲ႕ သမီးကို ဦးနီက သားမယားျပဳက်င့္ေနတာျမင္ေတြ႕ေၾကာင္းအသိေပးတဲ့အတြက္ သမီးကိုေခၚယူေမးျမန္းတဲ့အခါ

အရင္လအတြင္းမွာ တစ္ႀကိမ္၊အခုလ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ မုဒိမ္းက်င့္ခဲ့တယ္ဆိုတာကို သိရွိခဲ့ရတယ္လို႔ ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းက ဦးနီ အသက္(၈၀)ကို အမႈဖြင့္အေရးယူေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

ေက်ာ္ႀကီး

unicode

သားအရင်းက မွေးတဲ့ သမီး၊ မြေးအရင်းကို အဘိုးဖြစ်သူမှ ဘုန်းကြီးကျောင်း ဥပုတ်စောင့်သွားမည်ဟု လိမ်ခေါ်ကာ… See more

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကိုအဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး

မနေ့က လာရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။

” သားက မွေးတဲ့ မြေးမလေးပါ။တစ်ရွာတည်း အတူနေပေမယ့် တစ်အိမ်ထဲအတူမနေကြပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က တစ်ကြိမ်၊ အခုလ တစ်ကြိမ်၊နှစ်ကြိမ်ကျုးလွန်ခဲ့ပြီး၊ ကျုးလွန်ချိန် မြင်သူတစ်ဦးက‌ အသိလာပေးတောမှ သိခဲ့ရတာပါ” လို့ ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ယမန်မနက်ပိုင်းက နေအိမ်မှာရှိ‌နေချိန် ၁၀နှစ်အရွယ်ရှိ သမီးဖြစ်သူကို တစ်ရွာတည်းနေ ယောက္ခမ ဦးနီ (၈၁ နှစ်)ဆိုသူက ဗောဓိကုန်းဘုန်းကြီးကျောင်းကို ဥပုတ်စောင့်သွားချိန်အဖော်အဖြစ်ထည့်ပေးဖို့ ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာတော့ ရွာထဲကအမျိုးသားတစ်ဦးဟာ နေအိမ်ကိုလာ‌ပြီး အဲ့ဒီအမျိုးသမီးရဲ့ သမီးကို ဦးနီက သားမယားပြုကျင့်နေတာမြင်တွေ့ကြောင်းအသိပေးတဲ့အတွက် သမီးကိုခေါ်ယူမေးမြန်းတဲ့အခါ

အရင်လအတွင်းမှာ တစ်ကြိမ်၊အခုလ တစ်ကြိမ်၊ နှစ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ကျောက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။

ကျောက်ကြီးမြို့မရဲစခန်းက ဦးနီ အသက်(၈၀)ကို အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *