အစာကျွေးလို့ လက်ဆောင်ပြန်ပေးတဲ့အနေနဲ့ ပင်လယ်ရေအောက်အနက်ထိ ဆင်းပြီး တွေ့ကရပစ္စည်းတွေကို ယူလာပေးတတ်တဲ့ လင်းပိုင်တစ်ကောင်
လင်းပိုင်များက စကားပြောနဲ့မဟုတ်တဲ့ အချက်ပြမှုများမှတစ်ဆင့် လူသားများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် မယုံနိုင်လောက်အောင် ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့ တိရိစ္ဆာန်တွေဆိုတာ အားလုံး အသိပါဘဲ။ ဒါ့ပြင် ဒီလို စမတ်ကျတဲ့ သတ္တဝါများက တစ်ချိန်တည်းမှာဘဲ ချစ်စရာကောင်းနိုင်ကြပါတယ်။
Queensland’s Cooloola Coast ရှိ အသက် 29 နှစ်အရွယ် Mystique အမည်ရှိလင်းပိုင်တစ်ကောင်ကပင်လယ်ရေအောက်အနက်မှသူရှာဖွေတွေ့ရှိတဲ့ ရတနာများကို ဧည့်သည်များအား ၎င်းရဲ့အစာလက်ဆောင်အဖြစ် ပြန်ပေးခဲ့တဲ့၎င်းရဲ့ချစ်စဖွယ်ကောင်းမှုကထောင်ပေါင်းများစွာသောနှလုံးသားများကို အရည်ပျော်သွားစေခဲ့ပါတယ်။
Barnacles Cafe & Dolphinအစာကျွေးရေးစင်တာ(BCDF)မှဝန်ထမ်းများကQueensland’s Cooloola Coastသို့လာရောက်လည်ပတ်တဲ့အခါတိုင်း Mystique လေးက သန္တာကျောက်တုံး၊ ကမာအခွံနှင့် ပုလင်းများစတဲ့ ပင်လယ်ရေအောက်အနက်မှရှာဖွေတွေ့ရှိသည့်ရတနာတစ်စုံတစ်ခုကို
သူ့ရဲ့နှုတ်သီးပေါ်တင်ပြီး အမြဲပေါ်လာတတ်တဲ့အတွက် ၎င်းတို့ကလည်း အပြန်အလှန်အနေနဲ့ အရသာရှိတဲ့ငါးများကို ပြန်ကျွေးကြပါတယ်။Mystique က လူသားတွေနဲ့ ဘယ်လိုယှဉ်တွဲနေထိုင်ရမှာကို အခြားတိရိစ္ဆာန်များထက် ကောင်းစွာသိနေပုံပါဘဲ။
“ Mystiqueက၎င်းရဲ့အစာလက်ဆောင်အဖြစ် ပင်လယ်အောက်ကို ဆင်းပြီး ပစ္စည်းတစ်စုံတစ်ခု သွားရှာပေးတယ်။ဒါမှမဟုတ် ငါတို့က မကြိုက်ဘူးလို့ပြောရင် သူက ရေအောက်ထပ်ဆင်းပြီး အခြားတစ်ခုကို ပြန်ယူလာပေးတတ်တယ် ” လို့ အစာကျွေးသူ စေတနာ့ဝန်ထမ်း Lyn McPherson က ပြောကြားခဲ့ပါတယ်။
Mystique ကို ဒီလိုလုပ်ဖို့ မလေ့ကျင့်ပေးဖူးပေမယ့်လည်း ကူးစက်ရောဂါပိတ်ဆို့ထားချိန်အတွင်း လူသားများနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သူ့ဘာသာသူ လေ့လာခဲ့ပုံရကြောင်း Lyn က ဆက်ပြောခဲ့ပါတယ်။ Mystique လေးက လက်ရှိမှာ ထက်မြက်တဲ့ ရတနာရှာဖွေသူအပြင်လူအများရဲ့အာရုံစိုက်မှုကိုရရှိမဲ့ နည်းလမ်းကို အမြဲရှာဖွေနေတတ်တဲ့ စမတ်ကျသည့်လင်းပိုင်အဖြစ်လည်း လူသိများနေပါတယ်။
BCDF မှ စေတနာ့ဝန်ထမ်းများရဲ့အဆိုအရ Mystiqueကို ၁၉၉၁ ခုနှစ်၎င်းရဲ့မိခင်နှင့်မွေးချင်းခုနစ်ကောင်တို့နှင့်အတူ Cooloola Coastမှာရေကူးနေတာကို ပထမဆုံးမြင်တွေ့ခဲ့ရတာပါ။ Mystique က လက်ဆောင်များရှာတတ်တဲ့အလေ့အကျင့်ကြောင့်အသိအမှတ်ပြုခံရတဲ့၎င်းမွေးချင်းထဲမှလင်းပိုင်တစ်ကောင်ပါဘဲ။