သတို့သမီးလေးအား အလှပြင်ပေးဖို့အတွက် မနက်၂နာရီလောက်ထလာခဲ့သော်လည်းseemore

သတို့သမီးလေးအား အလှပြင်ပေးဖို့အတွက် မနက်၂နာရီလောက်ထလာခဲ့သော်လည်းseemore





Rain (For Ialinks)

Unicode

သတို့သမီးလေးအား အလှပြင်ပေးဖို့အတွက် မနက်၂နာရီလောက်ထလာခဲ့သော်လည်း တစ်ယောက်မှနိုးလို့မရတာကြောင့် အခက်တွေ့နေရသော မိတ်ကပ်ပြင်ဆရာမလေးရဲ့အဖြစ်

မင်္ဂလာပွဲနေ့လေးသည် သတို့သား သတို့သမီးအတွက် အလွန်အရေးကြီးသည့်အခါ ပွဲမစမှီကြိုတင်ပြင်ဆင်များစွာ လုပ်ဆောင်ထားဖို့အတွက် သတို့သမီးများက အစောထပြီး မိတ်ကပ်ပြင်ဆရာကို ခေါ်ထားရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိတ်ကပ်ပြင်ဆရာမလေးတစ်ဦးသည် ရပ်ကွက်ထဲရှိ မင်္ဂလာပွဲမှ သတို့သမီးဖြစ်သူက မိတ်ကပ်ပြင်ဖို့ခေါ်ထား၍ မနက်၂နာရီလောက်အစောထကာ သွားရောက်ခဲ့သည်။

သတို့သမီးအိမ်ရောက်သောအခါ မိတ်ကပ်ပြင်သူသည် တစ်မိသားစုလုံး အော်ခေါ်နိုးခဲ့သော်လည်း မည်သူကမှ မနိုးကြသည့်အပြင် သတို့သမီးအား ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဖုန်းသံပိတ်ထား၍ ခေါ်မရနဲ့ အခက်တွေ့ခဲ့ရသည်။

နောက်ဆုံးမှာတော့ မိတ်ကပ်ပြင်သူလည်း သတို့သမီးအခန်းနားထိ သွားရောက်ကာ တုတ်ချောင်းနဲ့ ပြတင်းပေါက်ကနေ လှမ်းထိုးပြီး သတို့သမီးလေးအား နိုးခဲ့ရသည်။

Rain (For Ialinks)

Leave a Reply

Your email address will not be published. Required fields are marked *