မိန်းမတွေရဲ့ အရသာကဘာလဲဆိုတာ သက်သေပြလိုက်တဲ့..

မိန်းမတွေရဲ့ အရသာကဘာလဲဆိုတာ သက်သေပြလိုက်တဲ့..

မိန်းမတွေရဲ့ အရသာကဘာလဲဆိုတာ သက်သေပြလိုက်တဲ့..

တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့မတွေ့ပဲ ရှင်ဘုရင်ရဲ့မိဖုရား စက်တော်ခေါ်နေတာ တွေ့လိုက်ရတယ်။

လုံချည်က လျှော့တော့တော့နဲ့ဆိုတော့ တပ်မက်ဖွယ်အာရုံကို မြင်တွေ့သွားတယ်။

ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ်။ မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။

အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံမလဲဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့။

နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစားမဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့ မိဖုရားကြီးက စဉ်းစားတယ်။

ဟိုတစ်နေ့က ကိစ္စနဲ့ပက်သက် နေသလားပေါ့ ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများတယ် တိုင်းပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထားနေရတယ်။

ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင်မခတဲ့ လျှို့ဝှက်သောအလှကို မျက်စိထဲကကို မထွက်ဘူး ခက်တာက ရှင်ဘုရင်ရဲ့မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ်တက်နိုင်မှအလို ဆန္ဒပြည့်ဝရမယ့်အဖြစ်။

ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရစည်မရ ဖြစ်နေတုန်း နန်းတွင်းအစေခံ တစ်ယောက်က မိဖုရားအလှဒေဝီက ပုဏ္ဏားဆီကို အခစားဝင်စေ အမိန့်တော် ချွေလိုက်သတဲ့။

အိုးရင်တွေ တလှပ်လှပ် ဘဝင်မှာလေဟပ်သလို မြင်ချင်စိတ်နဲ့ သိချင်စိတ်က မစားနိုင်မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ဆေးကောင်းစားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပြီပေါ့။

နန်းတော်လည်းရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူဆိုလို့ မေးလိုက်တော့။ မှန်လှပါဘုရား အိပ်လို့လည်းမပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလိုညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရားလို့ လူကြီးကြူနည်းနဲ့ စကားလမ်းခင်းကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။

မိဖုရားကြီးကလည်း သြော်ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ်ပေးထားပါတယ်လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့ ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ်လိုက်တယ် ဘာမှမေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့။

မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားက လည်း မော့ချပြစ်လိုက်တာပဲ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်းခံစားမိသွားတယ်။ ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီ ဆေးခွက်ကိုသေချာ ကြည့်နေတယ်။

မိဖုရားက သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါပျောက်တာပေါ့လို့ ချိုချိုလေးပြောလိုက်တော့ မော့ချလိုက်ပြန်တယ်။

ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်။ နောက်စဉ်းစားနေတယ် ဘာလည်းပေါ့။

မိဖုရားကလည်း ဒါကိုရိပ်မိတော့ ပုဏ္ဏားကြီး ၁။ပထမခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့ ကြေးခွက်ပါဘုရားတဲ့ ဘာအရသာရှိလည်းဆိုတော့ ဖန်တန်တန်နဲ့ပါ ဘုရားတဲ့

၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ငွေခွက်ပါဘုရားတဲ့ ဘာအရသာ ရှိပါသလည်းဆိုတော့ ဖန်တန်တန်ပါပဲ ဘုရားတဲ့

၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့ ရွှေခွက်ပါဘုရားတဲ့ ဘာအရသာများ ရှိသလည်းဆိုတော့ ဖန်တန်တန်ပါပဲဘုရားတဲ့ ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် သြော်အပေါ်ယံ ခွက်ကသာပြောင်းပေမယ့် အထဲက အရသာက မပြောင်းဘူးဆိုတာ မိဖုရားက ပြောချင်နေတာပဲ။

ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလှမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။

မိဖုရားအဆောင် အယောင်တွေနဲ့ဆိုတော့ ရွှေခွက်နဲ့တူတယ်။ အိမ်ကပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ်။

အရသာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကိုမိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။

မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး မိဖုရားကြီးက ပညာရှိပါ ပေတယ်လို့ ချီးမွှန်းလိုက်တယ်။

မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်လို့ ပြန်ပြောလိုက်တယ်။ ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင်အိပ်နိုင် အလုပ်လုပ်နိုင်သွားပါတော့တယ်။

ဒီလိုနားလည်မယ်ဆိုရင်တော့ အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့။ အားလုံးက ဖန်တန်တန်ပဲလေမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ အခြေပြုပဌာန်းတရားတော် စာအုပ်မှ အာရုံအကြောင်း ရှင်းပြပုံ ဥပမာကိုမှီငြမ်းပါသည်။

Credit JunePyaeSone

Leave a Reply

Your email address will not be published. Required fields are marked *