စစ်ကောင်စီ၏ ဒရုန်းဗုံးသီးဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ၏ ဒရုန်းဗုံးသီးဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ကျေးရွာနေပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ကဒဲကျေးရွာအတွင်းကို ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များရှိမည့်နေရာကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ချခဲ့သောကြောင့်ကျေးရွာရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပြန်ကြားရေး တာဝန်ခံတစ်ဦးက “နေ့လည် ၁၁နာရီခွဲလောက်က လာချသွားတာ။ ဗုံးကတော့ တစ်လုံးပဲနေအိမ်တွေ ဘာတွေတော့ထိခိုက်မှုမရှိဘူး။ ရွာထဲက ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေရှိမယ့် နေရာကို လာချတာ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးပစ်ချမှုကြောင့် အမျိုးသမီးတစ်ဦးမှာ မျက်လုံးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးမှာ လက်သန်းကြွယ်ဖြတ်ပစ်ခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းမြစ် များပြောစကားအရ သိရသည်။

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ပုလောမြို့နယ်အတွင်း လေးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု နောက်ဆုံး တိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်မှု ရှိလာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *