ပေါက်ခေါင်းမြို့နယ်တွင် ငွေကြေးများလုယက်ခံရပြီး အသတ်ခံရသည့် ချေးငွေအရာရှိအမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

ပေါက်ခေါင်းမြို့နယ်တွင် ငွေကြေးများလုယက်ခံရပြီး အသတ်ခံရသည့် ချေးငွေအရာရှိအမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

ပေါက်ခေါင်းမြို့နယ်တွင် ငွေကြေးများလုယက်ခံရပြီး အသတ်ခံရသည့် ချေးငွေအရာရှိအမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိကြောင်း Early Dawn Microfinance Company Limited (DAWN) ပေါက်ခေါင်းဌာနခွဲမှ သတင်းထုတ်ပြန်သည်။

Early Dawn Microfinance Company Limited (DAWN) ပေါက်ခေါင်းဌာနခွဲမှ ချေးငွေအရာရှိ မစန်းစန်းမော် (၃၃ နှစ်) သည် အောက်တိုဘာ ၂၈ ရက်တွင် လုပ်ငန်းတာဝန်ပြီးစီးသဖြင့် ရှားစီးဖိုကျေးရွာမှ ပေါက်ခေါင်းရုံးခွဲသို့ပြန်လာစဉ်ရှားစီးဖို-ပေါက်ခေါင်း ကားလမ်းဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံခဲ့ရကြောင်း သိရသည်။

အသတ်ခံရသည့် ချေးငွေအရာရှိ မစန်းစန်းမော်ထံမှ ငွေကျပ် (၁,၃၅၀,၆၀၀)ကိုလည်း တရားခံများမှ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ကျူးလွန်ခဲ့သူများမှာ ရှားစီးဖိုကျေးရွာမှ နေမင်းဦး (ဘ) ဦးတင်ဌေးနှင့် ပူးပေါင်းပါဝင်သူ နေမျိုးအောင်တို့အား နိုဝင်ဘာ ၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး လုယက်ခဲ့သည့် ငွေကြေးများနှင့်အခြားသက်သေခံပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ပေါက်ခေါင်းမြို့နယ်စခန်းမှူးနှင့်တကွရဲတပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြသည့်

သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ DAWN အဖွဲ့ဝင်များ၊ DAWN ပေါက်ခေါင်းဌာနခွဲဝန်ထမ်းများနှင့် နီးစပ်ရာဌာနခွဲရှိဝန်ထမ်းများအားလုံးကိုကျေးဇူးတင်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လူသတ်တရားခံအား ထိုက်တန်သော ပြစ်မှုကျခံစေရေးအတွက် တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း DAWN အသေးစားငွေစုငွေချေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *