NEWS ခင်ပွန်း၏သူငယ်ချင်းဟုဆိုကာ ထမင်းတောင်းစား၍ အတင်းအဓမ္မ………see

NEWS ခင်ပွန်း၏သူငယ်ချင်းဟုဆိုကာ ထမင်းတောင်းစား၍ အတင်းအဓမ္မ………see

သာပေါင်းမြို့နယ်တွင် ခင်ပွန်း၏ သူငယ်ချင်းဟုဆိုကာ ထမင်းတောင်းစား၍ အတင်းအဓမ္မသားမယားပြုကျင့်ခဲ့သည်ဆိုသူကို အမှုဖွင့် အရေးယူထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့် တွင် သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စုနေ အသက် ၃၆ နှစ်အရွယ် လယ်လုပ်သူ အမျိုးသမီးသည်လယ်တဲအပြင်၌ ၃ နှစ်အရွယ် ကလေးနှင့်အတူရှိနေစဉ် ဘုရားနီကျေးရွာနေ သန်းလွင်ဦးဆိုသူ ရောက်ရှိလာပြီး “နင့်ယောက်ျားနဲ့ငါနဲ့ကသူငယ်ချင်းတွေ ငါထမင်းစားချင်လို့”ဟု ပြောသဖြင့် သူမက ထမင်းဟင်းထည့်ပေးခဲ့သည်။ သန်းလွင်ဦး မှာ ထမင်းစားပြီးနောက် ဆေးလိပ်သောက်ချင်လို့ဟု ပြောဆိုသဖြင့် နေအိမ်ထဲတွင် ဆေးလိပ်သွားယူကာ မီးခြစ်ကို မီးဖိုချောင်ထဲ မှ ယူပေးစဉ် သန်လွင်ဦးက တိုင်ကြားသူမျိုးသမီးကိုပွေ့ချီကာ အိပ်ခန်းထဲသို့ခေါ်ဆောင်ပြီး အတင်းအဓမ္မသားမယာအဖြစ်ပြုကျင့်ရန် ကြံစည်နေစဉ် အနီးရှိ လယ်ထဲ၌နေထိုင်သူဦးစိုးစိုး ရောက်လာသဖြင့် သန်းလွင်ဦး မှ ခဏရပ်ကာပုဆိုးကိုပြန်ဝတ်ခဲ့သည်။ထို့နောက် ဦးစိုးစိုးပြန်သွားစဉ် သန်းလွင်ဦးက သူမအား သားမယားအဖြစ် ပြုကျင့်ကာပြန်သွားခဲ့သည်။

၎င်းနောက် သူမက အပြင်မှ ပြန်လာသည့် ခင်ပွန်းဖြစ်သူကို အကျိုးအကြောင်းပြောကာသက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။သာပေါင်းမြို့မရဲစခန်းက(ပ) ၃၀/၂၀၂၁ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှူး ဒုရဲမှူး စိုးသင်းက ပြစ်မှုကျူးလွန်သူ သန်းလွင်ဦး (၃၁)နှစ်ကို ဖမ်းဆီးအရေးယူထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *