သားဖြစ်သူက တုတ်ဖြင့်ရိုက်ရာမှ ဖခင်သေဆုံးခဲ့ပြီး သားသုံးယောက်ပေါင်းကာ ဖခင်ရုပ်အလောင်းအား မီးရှို့ဖျက်ဆီးမှု ကျောက်တံခါးမြို့နယ်တွင် ဖြစ်ပွာ

သားဖြစ်သူက တုတ်ဖြင့်ရိုက်ရာမှ ဖခင်သေဆုံးခဲ့ပြီး သားသုံးယောက်ပေါင်းကာ ဖခင်ရုပ်အလောင်းအား မီးရှို့ဖျက်ဆီးမှု ကျောက်တံခါးမြို့နယ်တွင် ဖြစ်ပွာ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဆာရာဝန်ကျေးရွာတွင် သားဖြစ်သူက တုတ်ဖြင့်ရိုက်ရာမှ ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီး အဆိုပါ ဖခင်၏ ရုပ်အလောင်းအား သေဆုံးသူ၏သား သုံးယောက်ပေါင်း၍ မီးရှို့ဖျက်ဆီးမှုဒီဇင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျောက်တံခါးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တံခါးမြို့မ ခေတ္တစခန်းမှူး ဒုရဲမှူး ထွန်းလင်းခိုင်က “ညီအစ်ကို သုံးယောက်က ဖအေကိုသတ်တာ မဟုတ်ပါဘူး၊ သားအဖချင်း စကားများကြတာပါ၊ သားအဖချင်း စကားများပြီးတော့ စလုပ်တဲ့သူက ပြန်ရိုက်လိုက်လို့ အဖေက ခေါင်းမှာဒဏ်ရာရပြီးတော့ ဆုံးသွားတာပါ သားဖြစ်သူ တစ်ယောက်ထဲက သတ်တာပါ၊ မီးရှို့တာကတော့ သေတော့လည်း သူတို့ထုံးစံအရ မီးရှို့တာပေါ့၊ လူသတ်မှုနဲ့ပဲ အရေးယူထားပါတယ်ဗျ။ တစ်ယောက်ကတော့ လူသတ်မှုပေါ့ နောက်နှစ်ယောက်ကတော့ သူတို့သဘောနဲ့ သူတို့ သက်ဆိုင်ရာကို အကြောင်းမကြားဘဲနဲ့ သင်္ဂြိုလ်တဲ့အတွက် ဒါက ဥပဒေကြောင်းအရ မချဥ့်ချိန်လို့ ရှောင်လွှဲလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ” ဟုပြောကြားသည်။

ဖြစ်စဉ်မှ ဖခင်ဖြစ်သူ သေဆုံးသွားပြီးနောက် မီးသင်္ဂြိုလ်ခြင်း မပြုလုပ်ရန် တာဝန်ရှိ ဆွေမျိုးအကြီးအကဲများက တားမြစ်သော်လည်း အလောင်းအား မိမိဆန္ဒ သဘောဖြင့် ညီအစ်ကို သုံးဦးက လယ်ကွက်အတွင်း မီးရှို့ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ တားမြစ်နေသည့်ကြားမှပင် အလောင်းအား မီးရှို့ခဲ့ခြင်းမှာ အလောင်း ဖျောက်ဖျက်သည့်သဘော သက်ရောက်သလို ရှိနေသဖြင့် ညီအစ်ကို သုံးဦးလုံးအား အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဖခင်ဖြစ်သူကို တုတ်ဖြင့်ရိုက်သူမှာ တစ်ဦးထဲသာဖြစ်ပြီး သေစေလိုသည့် ရည်ရယ်ချက် မရှိဘဲ ရိုက်ခဲ့ရာမှ သေဆုံးခြင်းဖြစ်ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *