ငါးရဲ့ဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး ဇနီးကို surprise လုပ်ပေးခဲ့တဲ့ အ

ငါးရဲ့ဗိုက်ထဲကို ရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး ဇနီးကို surprise လုပ်ပေးခဲ့တဲ့ အ

သင့်ရဲ့ဘဝလက်တွဲဖော်က သင့်အား လက်ဆောင်တွေ သို့မဟုတ် အချို့သော ဝန်ဆောင်မှုဆိုင်ရာလုပ်ရပ်များဖြင့်

သင့်ကို အံ့အားသင့်စေတဲ့အခါတိုင်း ၎င်းတို့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် သင်ဟာ အချစ်ခံရပြီး မြတ်နိုးတန်ဖိုးထားခံရတဲ့လူတန်းစားဆိုပြီး

ကိုယ့်ကို ဂုဏ်ယူသွားတဲ့အချိန်တွေရှိနေမှာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလက Munirah Mohd Shalleh အမည်ရှိပြီး Facebook မှာ SisBulan လို့ လူသိများတဲ့ မလေးရှားအမျိုးသမီးဟာ

သူမခင်ပွန်းကငါးတစ်ကောင်ရဲ့ဝမ်းဗိုက်ထဲကိုရွှေဆွဲကြိုးတစ်ကုံးထည့်ပြီး သူမအား surprise လုပ်ခဲ့တဲ့အကြောင်းကို မျှဝေပြောပြခဲ့ပါတယ်။

အဆိုပါ post ဟာ စတင်မျှဝေပြီးချိန်မှစပြီး လူသိများသွားကာ 3k share အထိ ရှိသွားခဲ့ပါတယ်။

သူမဟာ ခင်ပွန်းဖြစ်သူ အလုပ်မသွားခင်မှာ ရေခဲသေတ္တာထဲကနေ ၎င်းငါးကို ထုတ်လိုက်ပါတယ်။

ထို့နောက် SisBulan ဟာ ခင်ပွန်းဖြစ်သူက ဒီနေ့မနက်မှာ သူ့အား ငါးဟင်းချက်ကျွေးဖို့ ပူဆာနေခဲ့ပြီး

ငါးကို ရိုးရိုးမချက်ဘဲ Tom Yam ပုံစံမျိုးဖြင့် ညစာစားချင်တယ်လို့ ချစ်စရာကောင်းတဲ့စကားပြောဆိုနေခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်။

နောက်ဆုံးမှာ သူမက ငါးကို ချက်ပြုတ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ ငါးစပရိုက်ကို သဘောပေါက်သွားခဲ့ရပါတယ်။

မဟာ ငါးရဲ့ဝမ်းဗိုက်ထဲက ‘ Happy B’day Sayang ’ ဆိုတဲ့ စာတမ်းနှင့်အတူ ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ ရွှေကြိုးတစ်ကုံးကို တွေ့ရှိခဲ့ရပါတော့တယ်။

“ သူက ကျွန်မကို အရင်က တစ်ခုခုချက်ပြုတ်ပေးဖို့ တစ်ခါမှ မတောင်းဆိုဖူးပေမဲ့ ကျွန်မက သူ့ကို နည်းနည်းလေးမှတောင် သံသဃမဖြစ်ခဲ့ဘူး ၊

မနေ့က အဲ့ဒီငါးကို ကျွန်မဝယ်လာပြီး မချက်အားသေးလို့ ရေခဲသေတ္တာထဲထည့်ထားခဲ့တာ ၊ အဲ့တာကို သူမနေ့ညက ထုတ်ကြည့်သေးတယ် ၊

အဲ့တာကို ကျွန်မ မရိပ်မိခဲ့ဘူး” လို့ ဆိုပါတယ်။ကြည့်ပုံအရ ခင်ပွန်းဖြစ်သူက သူမကို ဆန်းပြားတဲ့စပရိုက်လေးတိုက်ဖို့ အဲ့ဒီညကတည်းက တိတ်တခိုးလုပ်ခဲ့ရပုံပါဘဲ။

“ တစ်ချိန်တည်းမှာဘဲ ကျွန်မ bling blingဖြစ်နေတဲ့အရာတစ်ခုကိုတွေ့လိုက်ရပြီးမျက်ရည်ဝဲသွားခဲ့ရတယ် ၊ကျေးဇူးအရမ်းတင်တယ်

ဘုရားသခင်က ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို ချစ်ခြင်း ၊ ရက်ရောခြင်းတို့နဲ့ အမြဲကောင်းချီးပေးပါစေ” လို့ သူမက အဆုံးသတ်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *