မြေးမလေး၏ မင်္ဂလာပွဲတွင် ပီဆို ၁.၆သန်းအား လက်ဖွဲ့ခဲ့သော အဖွား၏ချစ်ခြင်းမေတ္တာ
Unicode
မြေးမလေး၏မင်္ဂလာပွဲတွင် ပီဆို၁.၆သန်းအား လက်ဖွဲ့ခဲ့သော အဖွား၏ချစ်ခြင်းမေတ္တာ
မိဘများအလုပ်မအားသည့်အခါ ကလေးငယ်တို့သည် အဖိုးအဖွားလက်ထဲတွင် ကြီးပြင်းခဲ့ရ၍ အနေများသည့်သူဆီမှာသာ သံယောဇဉ်ကြီးတတ်ကြသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၇၀ကျော်အရွယ် အဖွားအိုတစ်ဦးသည် မြေးလေးတွေကို ငယ်လေးတည်းက အိမ်မှာထိန်းလာပေးရ၍ သူတို့လေးတွေကို အချစ်ပိုမိကာ အမြဲတမ်းတူတူရှိသွားချင်ခဲ့သည်။
သို့သော်လည်း သီးချိန်တန်သီး ပွင့်ချိန်ပွင့်ဆိုသလို မြေးမလေးအကြီးတစ်ယောက်သည် အရွယ်ရောက်လာသောအခါ ချစ်ရသူနဲ့တွေ့ပြီး လက်ထပ်ရန်စီစဉ်ခဲ့ရာ အဖွားအိုမှ တိတ်တခိုးလေး ဝမ်းနည်းနေခဲ့သည်။
ထို့ကြောင့် အဖွားအိုသည် မြေးမလေးအား ခွဲခွာခြင်းအနေနှင့် မြေးမလေး၏ မင်္ဂလာပွဲတွင် စုဆောင်းထားသမျှ ပီဆို၁.၆သန်းအား ခြုံထည်ပုံစံတွဲကပ်ထားပြီး ခရီးဆောင်အိတ်ထဲတွင် ထည့်ကာ supriseလုပ်ပေးခဲ့သည်။
မင်္ဂလာပွဲတွင် သတို့သားနှင့် သတို့သမီးအား ငွေစက္ကူခြုံထည်လေးကို ဝတ်ဆင်ပေးလိုက်စဥ် တက်ရောက်လာသောဧည့်သည်များမှလည်း အံ့အားသင့်ခဲ့ကြရာ အဖွားတစ်ယောက်ဧ။်ချစ်ခြင်း မေတ္တာကို အားကျခြင်းတွေနှင့်အတူ လေးစားချီးကျူးခဲ့ကြသည်။
crd
Zawgyi
ေျမးမေလး၏မဂၤလာပြဲတြင္ ပီဆို၁.၆သန္းအား လက္ဖြဲ႕ခဲ့ေသာ အဖြား၏ခ်စ္ျခင္းေမတၱာ
မိဘမ်ားအလုပ္မအားသည့္အခါ ကေလးငယ္တို႔သည္ အဖိုးအဖြားလက္ထဲတြင္ ႀကီးျပင္းခဲ့ရ၍ အေနမ်ားသည့္သူဆီမွာသာ သံေယာဇဥ္ႀကီးတတ္ၾကသည္။
သို႔ျဖစ္၍ ဖိလစ္ပိုင္ႏိုင္ငံမွ အသက္ ၇၀ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦးသည္ ေျမးေလးေတြကို ငယ္ေလးတည္းက အိမ္မွာထိန္းလာေပးရ၍ သူတို႔ေလးေတြကို အခ်စ္ပိုမိကာ အၿမဲတမ္းတူတူရွိသြားခ်င္ခဲ့သည္။
သို႔ေသာ္လည္း သီးခ်ိန္တန္သီး ပြင့္ခ်ိန္ပြင့္ဆိုသလို ေျမးမေလးအႀကီးတစ္ေယာက္သည္ အ႐ြယ္ေရာက္လာေသာအခါ ခ်စ္ရသူနဲ႔ေတြ႕ၿပီး လက္ထပ္ရန္စီစဥ္ခဲ့ရာ အဖြားအိုမွ တိတ္တခိုးေလး ဝမ္းနည္းေနခဲ့သည္။
ထို႔ေၾကာင့္ အဖြားအိုသည္ ေျမးမေလးအား ခြဲခြာျခင္းအေနႏွင့္ ေျမးမေလး၏ မဂၤလာပြဲတြင္ စုေဆာင္းထားသမွ် ပီဆို၁.၆သန္းအား ၿခဳံထည္ပုံစံတြဲကပ္ထားၿပီး ခရီးေဆာင္အိတ္ထဲတြင္ ထည့္ကာ supriseလုပ္ေပးခဲ့သည္။
မဂၤလာပြဲတြင္ သတို႔သားႏွင့္ သတို႔သမီးအား ေငြစကၠဴၿခဳံထည္ေလးကို ဝတ္ဆင္ေပးလိုက္စဥ္ တက္ေရာက္လာေသာဧည့္သည္မ်ားမွလည္း အံ့အားသင့္ခဲ့ၾကရာ အဖြားတစ္ေယာက္ဧ။္ခ်စ္ျခင္း ေမတၱာကို အားက်ျခင္းေတြႏွင့္အတူ ေလးစားခ်ီးက်ဴးခဲ့ၾကသည္။