မဲဆောက်မြို့တွင် အရွယ်မရောက်သေးသည့် မြန်မာ မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ မယ်ပတိုက်နယ်တွင် နိုဝင်ဘာ ၂၁ ရက်က အရွယ်မရောက်သေးသည့် မြန်မာမိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သူကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သား၏ အသက် ၁၄ နှစ်ရှိ သမီးငယ်ဖြစ်သူသည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အသက်၂၃ နှစ်ရှိ မြန်မာလုပ်သား နိုင်ထူးလေးဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ကျေးရွာလူ ကြီး၏တိုင်တန်းချက်အရ တာဝန်ရှိသူများလာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ လာရောက်စစ်ဆေးရာ ဖုန်းတစ်လုံးနှင့် ခြေညှပ်ဖိနပ်တစ်ရံတွေ့ရှိကြောင်း၊ မိန်းကလေးတစ်ဦးတည်း အိမ်မှာရှိ စဉ် တံခါးလာခေါက်ရာ ၎င်း၏မောင်လေးဟု အထင်ဖြင့် တံခါးဖွင့်ပေးခဲ့ရာ အဓ္မပြုကျင့်ရန် ကြံကြောင်း၊ ခုခံကာကွယ်ခြင်းကြောင့် နေအိမ် အပြင်သို့ ရောက်ရှိလွတ်မြောက်လာခြင်းကြောင့် အကူအညီတောင်းခံနိုင်ခဲ့သည်။

ယခုကဲ့သို့ အကျပ်အတည်း အခက်အခဲ ဖြစ်နေချိန်တွင် မြန်မာအချင်းချင်း ကူညီရိုင်းပင်းရမည့်အစား အဓမ္မပြုကျင့်ရန် ကြံစည်သူအား ရှုတ်ချကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“အခုလို အကျပ်အတည်းကာလမှာ မြန်မာနိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းရမယ့် အစား အခုလို အဓမ္မပြုကျင့်ဖို့ ကြံစည်တာကို တော့ ကျွန်တော်တို့ အကြီးအကျယ်ရှုတ်ချပါ တယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

အဓ္ဓမပြုကျင့်ရန်ကြံစည်သူ နိုင်ထူးလေးကို ၎င်းထွက်ပြေးပုန်းအောင်းနေသည့် ကြံခင်းထဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ စစ်ဆေးပြီးနောက် အဓမ္မပြုကျင့် ရန်ကြံစည်မှုဖြင့် အရေးယူအမှုဖွင့်နိုင်ရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *