ရွှေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ဝယ်သူမရှိသလောက် ဖြစ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား

ရွှေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ဝယ်သူမရှိသလောက် ဖြစ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ပြောကြား

ရွှေစျေးကွက်အတွင်း အရောင်းအဝယ် အေးနေကာ ဝယ်သူမရှိသလောက် ဖြစ်နေ ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

“ဒီရက်ပိုင်းမှာတော့ အရောင်းအဝယ်က တော်တော်အေးနေတယ်။ အဝယ်လည်း ပါး တယ်။ ပါးတယ်ဆိုတာက ရှိကိုမရှိတာ။ အထည်ပျက်တွေ လာပြန်ရောင်းတာကတော့ အများဆုံးပဲ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြား သည်။

လက်ရှိရွှေစျေးနှုန်းမှာ ကမ္ဘာ့စျေးကွက် တွင်လည်း ကျဆင်းနေသဖြင့် ပြည်တွင်းစျေး ကွက်လည်း ကျဆင်းနေကြောင်း၊ ဒေါ်လာ စျေးကျဆင်းနေခြင်းမှာလည်း တစ်စိတ်တစ် ပိုင်း ပါဝင်ကြောင်း ဦးမျိုးမြင့်က ဆက်လက် ပြောကြားသည်။

“ကမ္ဘာ့စျေးလည်း ကျတယ်။ ပြည်တွင်း ဒေါ်လာစျေးလည်း ကျတယ်” ဟု ၎င်းကဆက် လက်ပြောကြားသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်ရွှေ အသင်းက အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၀၆၅၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်တွင် ရွှေတစ်ကျပ်သား ကျပ် ၂၆၇၀၀၀၀ ဝန်းကျင်ရှိနေကြောင်း စျေးကွက် အတွင်းမှ သိရသည်။

နိုဝင်ဘာ၂၄ ရက်တွင် ပြင်ပ စျေးကွက်$ ပြည်တွင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၂၆၆၀၀၀၀ ဝန်းကျင်ဖြင့်စျေးဖွင့်ခဲ့ပြီး ကျပ် ၂၆၈၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်း သုံးသောင်းဖြင့် ရောင်းချရန် ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက အောက် တိုဘာ ၃၀ ရက်က ပန်ကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအား လုံး အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၅ သိန်း သုံးသောင်းကျပ်နှုန်းဖြင့် ရောင်းချပေးရန် ပန် ကြားအပ်ပါသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်းက ထုတ်ပြန်ထားသည်။

အောက်တိုဘာ လဆန်းပိုင်းတွင် သယံ ဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက လေလံစနစ်ဖြင့် ရောင်းချပေး သည့် ရွှေခြောက်ပိဿာမှာ လေလံပွဲတွင် အားလုံးရောင်းချခဲ့ရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရွှေလေလံ ပွဲတွင် တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ရွှေ သုံးပိဿာကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ ကြမ်းခင်းစျေးအဖြစ် တစ်ကျပ်သားလျှင် ကျပ် ၂၄ သိန်း သတ်မှတ်ခဲ့ပြီး ကျပ် ၂၄ သိန်း ခွဲဖြင့် နှစ်ပိဿာ၊ ၂၄ သိန်း ရှစ်သောင်းဖြင့် တစ် ပိဿာ ရောင်းချခဲ့ရကြောင်း မန္တလေးရွှေအ သိုင်းအဝိုင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *