စီးပွားရေးပိုင်ဆိုင်မှုအားလုံးဒေဝါလီခံရပြီးနောက် တစ်မိသားစုလုံး လမ်းမပေါ်တွင် နေထိုင်ခဲ့ရစဉ် အခြားသော မွေးစားသူများရှိပေမယ့် လိုက်မသွားပဲ သခင်ဖြစ်သူအနားမှာ နေပေးခဲ့သည့် ခွေးလေး

တရုတ်နိုင်ငံမှ မိသားစုတစ်စုသည် စီးပွားရေးလုပ်ငန်းမှာ အရှုံးပေါ်၍ ဒေဝါလီခံလိုက်ရကာ အိမ်ကိုပေါင်ထားရပြီး လမ်းမပေါ်တွင်သာ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ထိုမိသားစုသည် နေစရာမဲ့ စားစရာမဲ့ဘဝကို နေ့ချင်းညချင်း ရောက်ခဲ့ပြီး ၃လကြာသည်ထိ လမ်းဘေးတွင် ခက်ခဲစွာဖြင့် အသက်ရှင်ရန် ကြိုးစားရုန်းကန်နေရကာ ခွေးလေးသည်လည်း အရင်လိုအစားကောင်းကောင်းမကျွေးနိုင်တော့ပဲ သူတို့လေးတွေရဲ့ စားကြွင်းစားကျန်တွေကိုသာ မဝတဝစားခဲ့ရသည်။

ထိုအဖြစ်ကို မြင်တွေ့သောသူများမှာ ခွေးလေးကို ကျွေးမွေးစောင့်ရှောက်ရန် မွေးစားဖို့ အိမ်သို့ခေါ်ပြန်ခဲ့ကြသော်လည်း ဒုက္ခရောက်နေသည့် သခင်ဖြစ်သူမိသားစုကို စွန့်ပစ်မသွားရက်ပဲ သစ္စာရှိစွာ အနားမှာနေရင်း အခက်အခဲလေးတွေကို မျှဝေခံစားခဲ့သည်။

crd

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *