သိန်းပေါင်းထောင်ချီတန်ဖိုးရှိသောငါးကြီးအန်ဖက်ဟာဘာလို့ရွှေထက်တန်ဖိုးကြီးသလဲဘာတွေအသုံးဝင်လို့လဲ

ငါးကြီးအန်ဖက်ဟာဘာလို့ရွှေထက်တန်ဖိုးကြီးသလဲဘာတွေအသုံးဝင်လို့လဲတချို့ကငါးကြီးအန်ဖက် ကိုငါးကြီးကအန်ထုတ်တာလို့ထင်နေကြပါတယ်တကယ်က အစာခြေတဲ့စနစ်ကနေစွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာဖြစ်ပါတယ်

ဒါကိုအလွယ်အားဖြင့်ငါးကြီးအန်ဖက်လို့ ခေါ်ကြတာပါတကယ်က ချေးအဆင့်မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကတော့ဝေလငါးချေးWhale pooလို့ ခေါ်ကြပါတယ်Ambergrisလို့နောက်တိုင်းက

ပိုသိပါတယ်တချို့ကငါးကြီးအန်ဖက်ကိုငါးသုတ်ပိုးကဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့်အဲဒါမှားပါတယ်ဒီလိုအမှတ်မှားရခြင်းရဲ့ဖြစ်နိုင်ဖွယ်အချက်ကတော့ဒီငါးကြီးအန်ဖက်ကိုထုတ်လုပ်နိုင်တဲ့ငါးဟာSperm Whale လို့ခေါ်တဲ့

ဝေလငါးမျိုးရင်းတစ်ခုကပဲထုတ်လုပ်နိုင်တာပါဒီမှာပါတဲ့Spermဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့သုံးနေတဲ့သုတ်ပိုးရဲ့အင်္ဂလိပ်စာလုံးပေါင်းနဲ့အတူတူဖြစ်လို့ငါကြီးအန်ဖက်ကိုငါးကြီးရဲ့သုတ်လို့မှားယွင်းတာ ဖြစ်နိုင်ပါတယ်Sperm Whale တွေကိုCachalot တွေလို့လည်းခေါ်ကြပါတယ်

ပင်လယ်သမုဒ္ဒရာထဲမှာအကြီးမားဆုံးအသားစားသတ္တဝါဖြစ်ပါတယ်သူတို့ဟာကင်းမွန်တို့ ရေဘဝဲတို့ကိုအလွယ်တကူဖမ်းစားလေ့ရှိပြီးအစာအိမ်ထဲမှအဲဒီအစားအစာတစ်ချို့ဟာ ခြေဖျက်ဖို့ခက်ခဲရာကနေသည်းခြေအရည်အနှစ်တွေနဲ့

ပေါင်းပြီးအစာမကြေဖြစ်ရာမှအပြင်ကိုမစင်အဆင့်မရောက်ဘဲစွန့်ထုတ်လိုက်ရတာပါငါးကြီးအန်ဖက်ကို စောစောကပြောတဲ့Sperm Whaleကပဲထုတ်လုပ်နိုင်တာပါ။ သိပ္ပံပညာရှင်များရဲ့အဆိုအရငါးကြီးအန်ဖက်ကိုSperm

Whaleအကောင်တစ်ရာမှာတစ်ကောင်လောက်ခန့်ကသာထုတ်လုပ်နိုင်ပြီနှစ်ကာလရှည်ကြာစွာသမုဒ္ဒရာထဲ မျောနေရင်းကနေအစက စေးပြစ်တဲ့ကျိချွဲချွဲအလုံးအခဲကြီးကနေ နောက်တော့ ရာသီဥတုကြောင့်ဖယောင်းကဲ့သို့အတုံးကြီး

ဖြစ်သွားပါတယ်အဲဒီကနေ ရေမျောကမ်းတင်ဖြစ်လာရတာပါတစ်ခါတလေ ဝေလငါးသေတွေရဲ့ဝမ်းဗိုက်ထဲကနေရနိုင်တာမျိုးလည်းရှိတတ်ပါတယ်ငါးကြီးအန်ဖက်ကဘယ်နေရာတွေမှာအသုံးဝင်သလဲဆိုတော့ကမ္ဘာကျော်အဆင့်မြင့်

ရေမွှေးထုတ်လုပ်ရေးတွေမှာသုံးပါတယ်ငါးကြီးအန်ဖက်ဆီကအနံ့အသက်ကိုယူတာမဟုတ်ပါဘူးငါးကြီးအန်ဖက်ဆီကပါတဲ့ဓာတ်ပေါင်းပစ္စည်းတွေက ရေမွေးရဲ့အနံ့အသက်ကို နှစ်ပေါင်းများစွာထိန်းထားနိုင်တဲ့ဂုဏ်သတ္တိရှိတာကြောင့်

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းကငါးကြီးအန်ဖက်ဟာ ဈေးအကြီးဆုံးအရာ ဖြစ်ခဲ့တာပါငါးကြီးအန်ဖက်နဲ့ထုတ်လုပ်ထားတဲ့ ရေမွှေးတစ်ပုလင်းဟာ ဒေါ်လာ(၅၀၀)ကနေ ဒေါ်လာ သောင်းနဲ့ချီ ဈေးကောင်းရတာမျိုးရှိပါတယ်ငါးကြီး

အန်ဖက်ရဲ့အတွင်းမှာဓာတ်အမျိုးပေါင်း(၂၀)လောက်အထိပါဝင်ပြီးတစ်ခုနဲ့တစ်ခု ကျစ်လစ်သိပ်သည်းပုံမတူသလို ဈေးလည်းမတူညီပါဘူးသာမန်အားဖြင့်ငါးကြီးအန်ဖက်တစ်ကီလိုဂရမ်ဟာပျမ်းမျှ ဒေါ်လာ(၆)သောင်းဝန်းကျင်လောက်

ဈေးရနိုင်ပါတယ်ပုံမှာ ဖော်ပြခဲ့တဲ့အသက်(၂၀)သာရှိသေးတဲ့ထိုင်းတံငါသည်တစ်ဦးဟာပင်လယ်ပြင်ငါးဖမ်းတဲ့သက်တမ်းဝါနုသေးသော်လည်းအလေးချိန်၇ကီလိုဂရမ်ရှိငါးကြီးအန်ဖက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဆိုပါငါးကြီးအန်ဖက်

ကြောင့်တံငါသည်လေးအဖို့မိသားစုကိုမပူမပင်မကြောင့်မကျထားနိုင်တော့မှာပါနောက်တစ်ယောက်ထိုင်းတံငါသည်NarisSuwannasangကတော့ ပေါင်၂၂၀ လောက်အလေးချိန်ရှိတဲ့ငါးကြီးရဲ့အန်ဖက်ကိုရခဲ့တာပါအဆိုပါငါးကြီးအန်ဖက်ဟာကီလိုအားဖြင့်(၁၀၀)ကီလိုလောက်အလေးချိန်ရှိတယ်လို့သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *