မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ကိုယ်ပိုင်ဆိုင်တဲ့အရာ ဥစ္စာမှန်သမျှကို လူတိုင်းက နှမြောတတ်ကြမှာပါပဲ။
ဒီတော့ မသမာသူတွေရဲ့ လက်ထဲမရောက်သွားအောင် နည်းပေါင်းစုံ နဲ့ ကာကွယ်ကြပါတယ်။
ကိုယ့်ရဲ့ ပစ္စည်းကို စိတ်မချလွန်းတဲ့အခါမှာတော့ ဘယ်လုံခြုံရေးပစ္စည်းကိုမှ မယုံကြည်တော့ဘဲ ကိုယ်တိုင်ပဲ လုံခြုံအောင် ကြံဖန်ကြပါတော့တယ်။
ဘယ်ဆိုင်မှာမှ ဝယ်မရနိုင်တဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ရီရခက် ငိုရခက် လုံခြုံရေးပစ္စည်းတွေအကြောင်းကို ပြောပြပေးလိုက်တယ်နော်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ဒီစက်ဘီးကို အချောင်ရဖို့အတွက် ဘယ်သူခိုးရဲသလဲ..
စက်ဘီးကို ကိုယ်မရှိတုန်း အလစ်လာသုတ်မှာစိုးလို့ ထိုင်ခုံနေရာမှာ ကြွက်ထောင်ချောက်ဆင်ထားတာပါ။ မသိဘဲ တက်ထိုင်မိလိုက်သူအတွက်တော့ မတွေးရဲပါဘူး။
(၂)
ကြည့်ရတာ သံတိုင်ကြီးမလို့ လုံခြုံမယ်လို့ ထင်ပြီး လုပ်သွားတဲ့ပုံပါပဲ…
အတွေးချော်သွားတာ တစ်ချက်ကတော့ ကြိုးကို အလွယ်တကူ ဆွဲမလိုက်ရုံနဲ့တင် ယူသွားလို့ရနိုင်တယ်ဆိုတာပါပဲ။
(၃)
ကားတံခါးကို ဘယ်လောက်ပဲ ချိုးဖျက်နိုင်ခဲ့ပါစေ…
ဂီယာမထိုးဘဲ ကားမောင်းလို့ရလို့လား…ရရင် ယူသွားလိုက်ပေါ့..
(၄)
တကယ်လို့ ကားတံခါးပျက်နေတာကို မပြင်နိုင်သေးရင်
လုံခြုံဖို့အတွက် နည်းလမ်းပေါင်းစုံ ကို စဉ်းစားရမယ်လေ..
(၅)
စတာပလာချုပ် ယူပြီး ပြန်မပေးဘူးဆိုရင် …
အဲ့ဒီလူကို မရမက လိုက်ရှာပြီးတော့ စတာပလာကို ပြန်ယူမယ်ဆိုပြီးတော့ Taken ဇာတ်ကားထဲက ဇာတ်ဝင်ခန်း အတိုင်း ခြိမ်းခြောက်ထားတာပဲ ဖြစ်ပါတယ်။
(၆)
ကိုယ့်အိမ်က ပစ္စည်းဆိုရင်
ဇွန်းတောင်မှ အပျောက်မခံနိုင်ကြသူများ
(၇)
ကိုယ်တစ်ယောက်တည်း သောက်ချင်တဲ့ ခွက်ကို ခွင့်မတောင်းဘဲ ယူသောက်သူတွေ များနေတဲ့အခါမှာတော့…
ဒီနည်းလမ်းကတော့ မဆိုးဘူးလိုက်လုပ်ကြည့်ရမယ်။
(၈)
တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတာ ဒါမျိုး…
ဖိနပ်ကိုရော စက်ဘီးကိုရောပါ တစ်ခါတည်း လုံခြုံအောင် ထားလို့ရတာပေါ့။
ပျောက်ရင်လည်း နှစ်ခုလုံး တစ်ပြိုက်နက်တည်းပျောက်မှာပေါ့လေ..
(၉)
ကားကိုခိုးချင်တဲ့ ဘယ်သူခိုးမှ လွယ်လွယ်ကူကူရမယ် မထင်နဲ့နော်…
လွယ်လား မလွယ်လား စမ်းကြည့်လိုက်ပါလား ရူးတောင်သွားအုန်းမယ်။
(၁၀)
ကားကုမ္ပဏီက လုံခြုံပါတယ်လို့ ဘယ်လောက်အာမခံခံ
ကိုယ့်ကားကို ခိုးသွားမှာ အရမ်းစိုးရိမ်နေတဲ့အခါမှာတော့
(၁၁)
တိုက်ခန်းအမြင့်တွေမှာနေသူတွေအတွက်
စက်ဘီးသိမ်းဆည်းနည်းလေးပါ
(၁၂)
တော်တော်လေးကို စိတ်မချတဲ့ပုံပဲ။
ဒီလောက်လုံခြုံအောင် သိမ်းဆည်းနေမှတော့ အိမ်နီးနားချင်းတွေကိုတောင် စိတ်မချဘူးထင်တယ်။
(၁၃)
ကတ်ကြေးကိုတောင် ယူယူသွားတတ်ကြလို့ စိတ်မချတော့ဘူးတဲ့..ကြိုးကို ချည်သိမ်းထားရတယ်။
အဲ့ဒီကြိုးကို ကတ်ကြေးနဲ့ ဖြတ်ယူသွားလို့ရတယ်ဆိုတာ သူမသိရှာဘူးထင်တယ်။
(၁၄)
သူက ဘယ်နညအိပ်ခရီးသွားမှာမလို့ အခုလိုမျိုးတောင်
စက်ဘီးကို တိပ်တွေနဲ့ပတ်ပြီး ထားခဲ့ရတာလဲနော်။
(၁၅)
ဝိတ်ချမယ်လို့ စဉ်းစားပြီး ညဘက်ဆို ရေခဲသေတ္တာထဲ သွားမွှေနှောက်တတ်သူတွေရှိရင်
ဒီနည်းလမ်းလေးကို လိုက်လုပ်ကြည့်လိုက်ကြနော်။
(၁၆)
ဘယ်ဓားပြတွေသူခိုးတွေ
ငွေထုတ်နေတုန်း လာရဲလဲတဲ့..
(၁၇)
ကားကို အလွယ်တကူ မောင်းထွက်သွားလို့မရအောင်
သစ်သားတုံးကြီးနဲ့ပါ ဆွဲထားတာဖြစ်ပါတယ်။
(၁၈)
ပိုက်ဆံမပေးဘဲ ခိုးယူသွားခြင်းကလည်း သေစေနိုင်ပါတယ်တဲ့…
စာလေးတစ်စောင်တည်းဆိုပေမယ့် ခိုးယူဖို့အကြံရှိသူတွေအတွက်
စဉ်းစားရကျပ်သွားစေနိုင်ပါတယ်။
(၁၉)
သော့တွေ ကြိုးတွေလည်းမပါလာဘူး၊စက်ဘီးကိုလည်း စိတ်မချဘူးဆိုရင်တော့
ဒီဓာတ်ပုံကအတိုင်း လုံခြုံရေးဌားလိုက်နော်။
(၂၀)
ဗင်ဒီဆယ် ကိုယ်တိုင် အထဲမှာ ထိုင်နေသလို လုပ်ထားတော့
လာခိုးမယ့်သူကတော့ လန့်သွားမှာ သေချာပါတယ်။
(၂၁)
ဖုန်းကိုတောင် အဲ့လို သော့အကြီးကြီးနဲ့ ခပ်ထားတော့ …
သယ်သွားသယ်လာနဲ့ အဆင်ပြေမနေဘူးလေနော်
(၂၂)
ဒါက ပင်လယ်ဓားပြသင်္ဘောလိုလို
ဘာလိုလိုနဲ့ ခိုးဖို့ မလွယ်အောင် ဘာပဲ လုပ်ရလုပ်ရပါလေ
(၂၃)
ဒါကလည်း သူခိုးရန်ကနေ
ကာကွယ်ဖို့ နည်းလမ်းအသစ်များလား
(၂၄)
ဒါကတော့ ကမ္ဘာ့အထူးဆန်းဆုံး
စက်ဘီးသူခိုးရန်က ကာကွယ်နည်းပဲ ဖြစ်ပါတယ်။
(၂၅)
ဒီလောက်ဆိုရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး
ခိုးတော့မှာ မဟုတ်တာတော့ သေချာသလောက်ရှိနေပါပြီ
ဘယ်သူ့ကိုမှ မယုံဘဲ ကိုယ်တိုင် ဖန်တီးထားတဲ့ လုံခြုံရေး စနစ်တွေကို သဘောတွေကျနေကြပြီမလား..
ကိုယ်တိုင်ရော ကိုယ့်ရဲ့ ပစ္စည်းလေးတွေ မပျောက်ရှရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်း စောင့်ရှောက်လဲဆိုတာကို မျှဝေပေးသွားကြပါအုံး
Written By Yoshi(Shwe Nyan Shin)
Ref:Brightside
နဲ့