ဒါရိုက်တာတောင် လန့်ပြီး ပုန်းနေရတဲ့အထိ ရွှေပုံဧရာ အဖြစ် အပီအပြင် မုခ်သွင်းခဲ့တဲ့ အမှတ်တရတွေကို ထုတ်ဖော်ပြောလာတဲ့ ထက်ထက်ထွန်း

(Zawgyiဖြင့် ဖတ်ရန်)








 






(Unicodeဖြင့် ဖတ်ရန်)

ယခုပြသနေဆဲဖြစ်တဲ့ သမီးဆိုးဇာတ်လမ်းတွံထဲက သမီးဆိုး“ရွှေပုံဧရာ” ဇာတ်ရုပ်အတွက် ရိုက်ကွင်းပေါ်မှာ မုဒ်အပြည့်နဲ့နေခဲ့တာကြောင့်

ရိုက်ကွင်းဘုရင်ဖြစ်တဲ့ ဒါရိုက်တာကတောင် ပုန်းကွယ်ကာ လန့်သွားခဲ့ရကြောင်း ရိုက်ကူးရေး အမှတ်တရတွေကို ​ပြောပြလာတဲ့ ထက်ထက်ထွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ အလှမယ်ထက်ထက်ထွန်းကတော့ အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့စဉ်ကတည်းက

သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်နဲ့ ယုံကြည်မှု အပြည့်အဝရှိနေတဲ့ ပုံစံနဲ့ ကိုယ်ပိုင်စတိုင်လ်တို့ကြောင့် ပရိသတ်အားပေးမှုကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ သူလေး ဖြစ်ပါတယ်။

ထက်ထက်ထွန်းဟာ အလှမယ်တစ်ယောက် အဖြစ်နဲ့ နှစ်ကာလရှည်ကြာ ရပ်တည်ခဲ့ ပြီးတဲ့နောက် အခုဆိုရင် သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း ရပ်တည်နေလျက်ရှိပြီး

လက်ရှိမှာတော့ ပရိသတ်အားပေးမှု အများဆုံးရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ မဟာရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “သမီးဆိုး”ဆိုသော ဇာတ်လမ်းတွဲမှာလည်း

 

သမီးဆိုးလေးရွှေပုံဧရာ ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဖမ်းစားကာ အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်နော်။ ထက်ထက်ထွန်းက “ရွှေပုံဧရာ” ဇာတ်ရုပ်အတွက်

ပရိသတ်ချီးကျူး အားပေးမှုကို ထိုက်တန်စွာ ရရှိခဲ့သလို ထိုကဲ့သို့ ရရှိနိုင်ဖို့အတွက်ကိုလည်း ဇာတ်ကား ရိုက်ကူးစဉ်မှာလည်း သူမရဲ့ စိတ်ရော ခန္ဓာကိုယ်ရောပါ

ရွှေပုံဧရာအဖြစ် မုဒ်အပြည့်သွင်းထားခဲ့တဲ့ အကြောင်းကို သရုပ်ဆောင်အလှမယ် ထက်ထက်ထွန်းက “ရွှေပုံလေး ဘယ်လောက် သောင်းကျန်းလဲ

ဒါရိုက်တာတောင် ချောင်မှာ ပုန်းပြီး ခေါင်းအုံး ကာ ဒိုင်ယာလော့ချရတယ် ပစ်ပေါက်တာ သူ့သွားမှန်လို့ 🤭 🤭🤭 ချောတီး မမ 🤭🤭🤭” ဆိုပြီး ရိုက်ကူးစဥ်က အမှတ်တရကို ပြောလို့ လာပါတယ်။

ပရိသတ်ကြီးရေ ထက်ထက်ထွန်းကတော့ သမီးဆိုး ရွှေပုံဧရာအဖြစ်နဲ့ ပရိသတ် အားပေးမှုရကာ သူမရဲ့ အနုပညာမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် နော်။

ပရိသတ်ကြီးကလည်း သမီးဆိုးလေး ရွှေပုံဧရာကို ဆက်လက်ပြီး အားပေးကြည့်ရှုပေးကြပါဦးလို့ တောင်းဆိုရင်း ရွှေပုံဧရာလေးရဲ့ အိုက်တင်တွေကို ဘယ်လိုမြင်လဲ ဆန်းစစ်ပြောပြ ပေးခဲ့ကြပါအုံးနော်။

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *